ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေးမှု အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများအင်အားစုက ကန့် ကွက်၊ အကျဉ်းသားအခွင့်အရေးရရှိရေး အကြီးအကျယ်ချိုးဖောက်ခံနေရ

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေးမှု အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများအင်အားစုက ကန့် ကွက်လိုက်ပြီး အင်းစိန်ထောင်တွင် အကျဉ်းသားအခွင့်အရေး များ အကြီး အကျယ် ချိုးဖောက်ခံနေရကာ ကျန်းမာရေး စောင့်ရှောက်မှု ချက်ချင်း ပေးရန် အပါအဝင် အချက် ငါးချက်ကို နိုင်ငံရေးအင်အားစုက အရေးပေါ် ကြေညာ ချက် ထုတ် တောင်းဆို လိုက်သည်။

ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်(ခ) ဦးကျော်၊ ဦးလှမျိုးအောင် (ခ) ဦးဝက်ကြီး၊ ဦးအောင်သူရဇော်(ခ) ဦးဂတုံးတို့ကို ဥပဒေနှင့် အညီ ခုခံကာကွယ်ပိုင်ခွင့် မပေးဘဲ စစ်ခုံရုံးမှ အကျဉ်းနည်းဖြင့် စစ်ဆေး၍ သေဒဏ်အမိန့်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား လေးဦးကို သေဒဏ်အတည်ပြုမိန့်ချမှတ်၍ ကြိုးပေးကွပ်မျက်မည်ဟု ထုတ်ပြန်ကြေညာချက်ကို အလေးအနက် ကန့်ကွက်ကြောင်းနှင့် ၎င်းတို့ လေးဦးအပေါ် ချမှတ်ထားသည့် မူလ သေဒဏ်အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုံညီခုံရုံးက ရာဇဝတ်ပြင်ဆင်မှုအဖြစ် ပြန်လည်ကြားနာစစ်ဆေးရန် တောင်းဆိုထားသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ အချုပ်သား/အကျဉ်းသားအဖြစ် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအင်အားစုများအပေါ် လုံလောက်သည့် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဆောင်ရွက်မပေးခြင်း၊ သင့်လျော်သည့် ဆေးဝါးများဖြင့် ကုသမှု မပေးခြင်းနှင့် မိသားစုက ပေးသည့် ဆေးဝါးများကို ထုတ်မပေးဘဲ သိမ်းယူခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်ရန်နှင့် အကျဉ်းထောင်များအက်ဥပဒေ၊ အကျဉ်းထောင်လက်စွဲဥပဒေပါ ပြဌာန်းချက်များအတိုင်း နိုင်ငံရေးအင်အားစုများအပေါ် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ချက်ချင်းဆောင်ရွက်ပေးရန် အပါအ ဝင် အချက်ငါးချက်ကို အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအင်အားစုများက ဇွန်လ ၁၉ ရက်နေ့တွင် အ ရေးပေါ် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည် ။

တောင်းဆိုချက်တွင် နိုင်ငံရေးအင်အားစုများကို ကျွေးသည့် အကျဉ်းထောင်ရိက္ခာထမင်းဟင်းများမှာ အလွန်မတန်ညံ့ဖျင်း အရည်အသွေးမမီသည့် ရသင့်သည့် ရိက္ခာအမယ်၊ နှုန်းထား၊ တန်ဖိုးနှင့် ညီညွတ်ခြင်း မရှိသဖြင့် လုံလောက်သည့် အာဟာရမရရှိသောကြောင့် အကျဉ်းထောင် လက်စွဲဥပဒေပါအတိုင်း ပြည့်စုံလုံလောက်စွာ ကျွေးမွေးရန်၊ သောက်ရေ/သုံးရေကို လုံလုံလောက်လောက် စီစဉ်မပေးဘဲ ရေသန့်စက်ရှိလျက် ရေအရည်အသွေးညံ့ဖျင်းသည့် သောက်ရေ၊ သုံးရေများ အသုံးပြုစေခြင်းနှင့် အချို့အိပ်ဆောင်များကို‌ ရေမပေးဘဲ တမင်ဖြတ်တောက်ခြင်းကဲ့သို့ နိုင်ငံရေးအရ ဖိနှိပ်လိုသည့် သဘောဖြင့် လုပ်ဆောင်နေမှုကို ချက်ချင်းရပ်တန့်ရန်နှင့် အရည်အသွေးကောင်းမွန်သည့် သောက်ရေ/ သုံးရေများ လုံလုံလောက်လောက်ရရှိရန် ချက်ချင်းဆောင်ရွက်ပေးရန် ၊ ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ အကျဉ်းထောင်အရာရှိများ၊ ဝန်ထမ်းများ၊ လက်ပါးစေ ရာဇဝတ်အကျဉ်းသားများက လူစုလူဝေးနှင့် ရိုက်နှက်ခြင်း၊ တိုက်ပိတ်ပြစ်ဒဏ်ပေးခြင်း၊ နိုင်ငံရေးအင်အားစုအချုပ်သားများကို ရာဇဝတ်အကျဉ်းသားများနှင့် ရောနှောထားကာ၊ ရာဇဝတ်အကျဉ်းသားများ၏ ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက် ထိုးကြိတ်ရိုက်နှက်ခြင်း၊ မိလ္လာအညစ်အကြေးများ သယ်စေခြင်း ၊ ရေထမ်းခိုင်းခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် အင်းစိန်ထောင်တွင် ဥပဒေ/ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခြင်း၊ ကြီးမား သော အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခြင်း ခံရသည့် နိုင်ငံရေးအင်အားစုများသည် ရာဇဝတ်သားများ မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့် နိုင်ငံရေးအခင်း အကျင်းအရ နိုင်ငံအကျိုး ၊ နိုင်ငံသားများ၏ အကျိုး၊ တိုင်းရင်းသားပြည်ထောင်စုသားများ၏ အကျိုးကို ရှေးရှု၍ ယုံကြည်ရဲရင့်စွာ ဆောင်ရွက်ကြသည့် နွေဦးတောင်လှန်ရေး ရဲ ဘော်ရဲဘက်များ အဖြစ် ခံယူယုံကြည်သည့်တွက် နိုင်ငံရေးပန်တိုင်ရောက်သည်အထိ ရဲ့ဝံ့ပြတ်သားစွာ ဆက်လက်ချီတက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကျဉ်းထောင်အသီးသီးတွင် ဖြစ်ပွားနေသည့် ထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများ၊ ဥပဒေမဲ့ လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေရန်နှင့် နိုင်ငံ ရေး အင်အားစု အချုပ်သား/အကျဉ်းသားများ အပေါ် အကျဉ်းထောင်များ အက်ဥပဒေ၊ အကျဉ်း ထောင်လက်စွဲဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ပြုမှုဆက်ဆံစေရေးကို အကျဉ်း ထောင်ပြင်ပရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ EAOs ၊ အခြားသော မိတ်ဖက်နိုင်ငံ ရေးအင်အားစုများ အနေ နှင့် အရေးကြီးသည့် နိုင်ငံရေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ကာ ဦးစားပေးဆောင်ရွက်ကြရန်နှင့် လက်ရှိ ဖြစ်ပွားနေသည့် ထောင်တွင်း နှိပ်စက် မှုများ၊ ဥပဒေမဲ့ လုပ်ရပ်များကို ပြည်တွင်းဥပဒေ၊ နိုင်ငံတကာ ဥပဒေများနှင့် အညီ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်ပေးကြရန် အင်းစိန်ထောင်အတွင်းရှိ ထိန်းသိမ်းခံ အချုပ်သား/အကျဉ်းသား နိုင်ငံရေး အင်အားစုများ၏ ထုတ်ပြန်ချက်တွင် တောင်း ဆိုထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s