ကြာအင်းဆိပ်ကြီးတွင် ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်မှတပ်ကြပ်ကြီးတစ်ဦး ထွက်ပြေးသည့်အတွက် PDF က ပစ်ခတ်ဖမ်းဆီးစဉ် သေ ဆုံး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးသည် ဖမ်းဆီးချုပ်နှောင်ထားစဉ် ထွက်ပြေးသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့ စစ်ဆေးရုံမှ အသက် ၂၅ နှစ် အရွယ် တပ်ကြပ်ကြီးသိုက်ထွန်းဆိုသူသည် ဖမ်းဆီးချုပ်နှောင် ထားသည့် ကြိုးများကိုဖြည်ကာ ယ နေ့ ဇွန်လ ၂၀ ရက် နံနက် ၃ နာရီအချိန်ကထွက်ပြေးသဖြင့် PDF များ က တောအတွင်းလိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒေသခံတွေက သတင်းပေးတာ။ ကျွန်တော်တို့မိတာက ဆိုင်ကယ်နဲ့ဆင်းလာတုန်းမိတာ။ ပြီးတော့ စစ် ဆေးမှုတွေလုပ်နေချိန် ကြိုဖြည်ပြီးပြေးတာ။ တောထဲမှာပြန်လိုက်ဖမ်းရင်း ပစ်ခတ်တာ သေသွားတယ်။ ဒီနေ့မနက်မှာပဲ မြေမြှုပ်သဂြိုလ်ပေးလိုက်တယ်” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်ကြပ်ကြီးသိုက်ထွန်းကို ဇွန်လ ၁၈ ရက် နံနက် ၈ နာရီအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့တောင်ဘက် လေးမိုင်အကွာရှိ သံပုရာရွာအနီးတွင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ PDF များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s