ဂန့်ဂေါမြို့နယ်ရှိ ပနန်းရွာ၊စံပယ်ရွာ၊စင်ပုံရွာ၊ယင်းမာရွာများသို့ အကြမ်းဖက် စစ်ကောင် စီဝင်များ ဝင်ရောက်၊ ပြည်သူပိုင် ပစ္စည်းများ ခိုးယူကာ မီးရှို့ဖျက်ဆီး

မ​ကွေးတိုင်း​ဒေသကြီး ဂန့်​ဂေါမြို့နယ် ပနန်းရွာ၊စံပယ်ရွာ၊စင်ပုံရွာ၊ယင်းမာရွာများသို့ အကြမ်းဖက် စစ်ကောင်စီဝင်များ ဇွန် ၁၉ ရက်နေ့နှင့် ဇွန် ၂၀ ရက်နေ့တို့တွင် ဝင်ရောက်ကာ ပြည်သူများနေအိမ်ကို ဖျက်ဆီးခြင်း၊ ပစ္စည်းများ ခိုးယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

” ၁၉ ရက်နေ့ မနက်ပိုင်းမှာ ပနန်းရွာနဲ့ စပါယ်ရွာတွေကို သေနတ်ပစ်​ဖောက် လူနေအိမ်တွေကို ဝင်ရောက်ရှာ​ဖွေပြီး ပစ္စည်းတွေ မွှေ​နှောက်ပြီး စားနပ်ရိက္ခာတွေ၊ အဝတ်အထည်တွေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူသွားကြပါတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထို့ပြင် လူ​နေအိမ်များတွင် ထွက်မပြေးနိုင်သည့် အဘိုး၊ အဘွားများ အိမ်မှာရှိ​နေ​သော်လည်း ​သေတ္တာများ၊ မှန်ဗီဒိုများ ရိုက်ခွဲကာ ​ငွေများ၊အဝတ်အထည်များ ဆန်၊ဆီများကို မတရားလုယက် ယူသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင်မူ အကြမ်းဖက်စစ်​ကောင်စီတပ်သားများဟာ စင်ပုံရွာနှင့် ယင်းမာရွာ များသို့​ ဝင်ရောက်သွားပြီး မီးခိုးလုံးများကို လှမ်းတွေ့ရကြောင်း ပျက်စီးဆုံးရှုံးမှုကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင်မူ အကြမ်းဖက် စစ်ကောင်စီ တပ်များသည် စပယ်ရွာဘုန်း​ကြီး​ကျောင်းနှင့် ပနန်းဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင်များ ရွာထဲ ပြန်မဝင်ရန်နှင့် ပြန်ဝင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ပနန်းရွာဘုန်းကြီး​ကျောင်းမှာ စစ်​ဘေး​ရှောင်လာကြတဲ့ ဆိုင်ကယ်တွေကို အကုန် လု သွားပါတယ်။ လူ​တွေကို ဘုန်းကြီး​ရှေ့မှာ ပြားပြားဝပ်မှောက်ခိုင်းပါတယ်။ဘုန်းကြီး​ကျောင်းရှိ ပစ္စည်း​တွေ မွှေသွားပါတယ်။ လူခန္ဓာကိုယ်မှာ ရှိသမျှ ပစ္စည်း​တွေလည်း အကုန် လုယက် သွားပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီဝင်များသည် ပနန်းရွာဘုန်းကြီးကျောင်းမှ ထွက်သွားပြီး အနီးအနားဝန်းကျင်တွင် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s