ဂန့်ဂေါမြို့နယ် ဘုန်းကြီးကျောင်းများ၌ စစ်ဘေးရှောင် ပြည်သူများထံမှ တန်ဖိုးကြီး ပစ္စည်းများကို စစ်ကောင်စီတပ် လုယူ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ သုံးရွာမှဘုန်းကြီးကျောင်း သုံးကျောင်းတွင် လှူဒါန်းထားသည့် ရွှေငွေ ၊ တန်းဖိုးကြီးပစ္စည်းများ နှင့်အတူ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူများ ကိုယ်နှင့်မကွာ သိမ်းဆည်းထားသည့် ရွှေ၊ငွေ ၊ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုယူသွားတယ်လို့ ဒေသခံ ဆရာတော် ဦးယောကြီးက မဇ္စျိမသတင်းဌာနကို ဖြေကြားသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဂန့်ဂေါမြို့နယ် မြစ်သာဆည်မှ အင်အား အယောက် ၇၀ ဖြင့် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်က စင်ပုံကျေးရွာသို့ ဝင်ရောက်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ရွှေဆွဲကြိုး ၊ ငွေသားများ ယူဆောင်ပြီး စင်ပုံရွာဘုန်းကြီး ကျောင်းရှိ ရန်ပုံငွေများနှင့် လှူဒါန်းငွေများကို ယူဆောင်ပြီး တပ်ဆွဲနေထိုင်ခဲ့သည်။

“ မနေ့က နံနက်က စစ်ကြောင်းစဝင်တာ။ တစ်အိမ်တက် တစ်အိမ်ဆင်း ရွှေငွေတွေယူတယ်။ ဘုန်းကြီးကျောင်းက တန်ဖိုးကြီးတာတွေလည်းယူတယ်။ ညဘက် စင်ပုံဘုန်းကြီးကျောင်းထဲ တပ်ဆွဲပြီး ဘုရားဌာပနထဲက အထုတ်တွေပစ္စည်းတွေယူတယ်။ စင်ပုံဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တဲ့ လူကြီးတွေရဲ့ လက်ဝတ်လက်စားတွေအကုန်ချွတ်ခိုင်းပြီးယူတယ် “ ဟု ဒေသခံဆရာတော် ဦးယောကြီးက မဇ္စျိမသတင်းဌာနကိုပြောသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကားလမ်းသာခြားသည့် စပယ်ကျေးရွာသို့ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများထံမှ ရွှေ ငွေ နှင့် ဘုန်းကြီးကျောင်းမှာ လှူဒါန်းငွေများကိုယူဆောင်သွားကြောင်း သိရသည်။

ဆက်လက်ပြီး ဆရာတော် ဦးယောကြီးက “ စပယ်ကျေးရွာက ဘုန်းကြီးကျောင်းကို ထပ်ဝင်တယ်။ ဖုန်းဆင်းကဒ်တွေ နဲ့ ဖုန်းတွေအကုန်သိမ်းပြီးယူတယ်။ ရွှေငွေတွေ အကုန်ယူသွားကြတယ် “ ဟု ထပ်မံဖြေကြားသည်။

စပယ်ကျေးရွာတွင် ဒေသခံပြည်သူ့များ၏ တန်ဖိုးကြီးပစ္စည်းများကို လုယက်ပြီးနောက် စစ်ကောင်စီတပ်က ပနန်းကျေးရွာသို့ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းအတွင်းရှိ ဒေသခံပြည်သူ့ များ၏ ရွှေငွေများနှင့်ဆိုင်ကယ် အစီး ၃၀ ကျော်ကို ယူဆောင်သွားကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံပြည်သူတစ်ဦးက “ ကျေးရွာသုံးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်များ ၊ ရွှေငွေ နှင့် ငွေများ ယူဆောင်သွားပြီး ကျေးရွာအတွင်းသို့ ရောက်ချိန်တွင် ဒေသခံများသို့ ခြိမ်းခြောက်ပြောဆိုပြီး ပစ္စည်းများ မထုတ်ပေးပါက နေအိမ်ကိုမီးရှို့ပစ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့တယ် ” ဟု ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန့်ခန့်ထိ ဖုန်းလိုင်းများ ပြတ်တောက်နေသောကြောင့် ဒေသခံပြည်သူ့များ၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းမသိရှိရသေးပါ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s