စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းမှ မဟာမိတ် PDF အဖွဲ့ ၃၈ ခုစုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပ

စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းမှ မဟာမိတ် PDF အဖွဲ့ ၃၈ ခုစုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ ကျင်းပကြောင်း သိရှိရသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် (၁၀) နာရီတွင် ‌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် မွေးနေ့အခမ်းအနားကို မြောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM က ဦးဆောင်၍ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို မြောင်နယ်တော်လှန်ရေးအင်အားစုနှင့် ချောင်းဦး ၊ မြင်းမူ၊ မြင်းခြံ နှင့် မဟာမိတ်များ (၃၈) ဖွဲ့မှ ရဲဘော်များနှင့် ပြည်သူများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အစီအစဥ်တွင် ဖက်ဒရယ်နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးခဲ့သော နွေဦးတော်လှန်ရေး သူရဲကောင်းများအားအလေးပြုခြင်း၊ အဖွဲ့အသီးသီး၏ ခေါင်းဆောင်တစ်ဦးချင်းစီမှ မွေးနေ့ဆုတောင်းခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ကဗျာဖတ်ခြင်းနှင့် အမေစုမွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။

အလေးပြုအခမ်းအနား ကျင်းပပြီးသည့်နောက် မဟာမိတ်တပ်များမှရဲဘော်များနှင့် ပြည်သူများအား နေ့လယ်စာဖြင့် ဧည့်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသောအဖွဲ့များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM

၂၊ MUA စစ်ကိုင်းခရိုင် တပ်ရင်း ၁ မှ တပ်ခွဲ ၃

၃၊ MUA စစ်ကိုင်းခရိုင် တပ်ရင်း ၂ မှ တပ်ခွဲ ၃

၄၊ MUA စစ်ကိုင်းခရိုင် တပ်ရင်း ၆ မှ တပ်ခွဲ ၃

၅၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2W

၆၊ Myaung Fighter Defense Force

၇၊ Shwe Ao Revolution Force

၈၊ Myaung Farmer Defense Force

၉၊ ပြောက်ကျားလင်းယုန်အဖွဲ့

၁၀၊ CDSOM ၏ တောင်ပိုင်းတိုက်ခိုက်ရေး ဗိုလ်ကျားသစ်

၁၁၊ CDSOM ၏ အနောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 003 အဖွဲ့

၁၂၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 007 အဖွဲ့

၁၃၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 012 အဖွဲ့

၁၄၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး နတ်မြင်းအဖွဲ့

၁၅၊ CDSOM ၏ အနောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 005 အဖွဲ့

၁၆၊ Young Fighters People’s Defense Force of Myaung

၁၇၊ ဒေါင်းစစ်သည်အဖွဲ့

၁၈၊ ကန္တာရသိန်းငှက်အဖွဲ့

၁၉၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 012 အဖွဲ့

၂၀၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး နတ်မြင်းအဖွဲ့

၂၁၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့ BSK

၂၂၊ စော်ဘွားကြီးအဖွဲ့

၂၃၊ CDSOM ၏ တူမီးဖိုက်တာအဖွဲ့

၂၄၊ ဗိုလ်နေတိုးအဖွဲ့

၂၅၊ Black Eagle Defense Force – MMU

၂၆၊ ဗိုလ်တောက်ထွန်းအဖွဲ့

၂၇၊ G.G.G

၂၈၊ Joker GZ အဖွဲ့

၂၉၊ Myaung Medical Team နွေဦးရောင်နီဆေးအဖွဲ့

၃၀၊ Myaung Education Network မြောင်ပညာရေးကွန်ယက်

၃၁၊ People Defense Force –Taloke (မြင်းခြံခရိုင်တပ်ရင်း ၂)

၃၂၊ MGN TIGER (မြင်းခြံခရိုင်တပ်ရင်း ၂)

၃၃၊ MGN RANGER (မြင်းခြံခရိုင်တပ်ရင်း ၂)

၃၄၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ – CRF (Myinmu)

၃၅၊ Chaung Oo Revolution Army – ချောင်းဦးမြို့ပြတော်လှန်ရေးအဖွဲ့

၃၆၊ နောင်ရိုးအထူးပြောက်ကျားအဖွဲ့

၃၇၊ ငနန်းအဖွဲ့

၃၈၊ G Seven အဖွဲ့တို့ ဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s