ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်း

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို မဲဆောက်မြို့ရှိ မဲဆောက်ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စုပေါင်း သွေးလှူဒါန်းပွဲကို အဝေးရောက်ဧရာဝတီအသင်း (OIA) က ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူလလှူဒါန်းရန် စီစဉ်ထားသည့် သွေးအလုံးရေ ၂၀၀ ထက် ကျော်လွန် လှူဒါန်းနိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဆက်သွယ်၍ လာရောက် သွေးလှူဒါန်းကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အဝေးရောက်ဧရာဝတီအသင်း OIA မှ ကား/ကြိုပို့ပြုလုပ်ပေးခြင်း၊ အာဟာရများ ကျွေးမွေးခြင်းအပြင် လုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ mizzima