ပုသိမ်ကြီးမြို့နယ် ကျေးရွာအုပ်ချုပ်မှူး သေ နတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ၊ ကျေးရွာအုပ်ချုပ်မှူးတစ်ဦး ယနေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
ပုသိမ်ကြီးမြို့နယ် ကံသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဆိုသူဖြစ်ကြောင်းသိရပြီး၊ ယနေ့ ဇွန် ၁၉ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် သေ နတ် သမားက နေအိမ်ထဲအထိ ၀င်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“သူက စကစခန့်တဲ့အုပ်ကြီးပါ၊ ဒီနေ့ နေ့လယ်ပိုင်း အိမ်ထဲထိုင်နေတုန်း သေနတ်သမားတွေက အိမ်ထဲအထိ ၀င်ပစ်သွားတာပါ၊ ကြံ့ဖွံ့အမာခံ ပါတီစည်းရုံးရေးမှူး ဦးသန်းဆွေဆိုရင် ရွာမှာလူတိုင်းသိပါတယ်” ဟု ပုသိမ်ကြီးမြို့ ဒေသခံတစ်ဦးကပြောသည်။
၄င်းအား သေနတ်သမားက သေနတ်ဖြင့် ခြောက်ချက်တိတိ ပစ်သွားခြင်းဖြစ်ကြောင်းသိရပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုတော့ မသိရသေးပါ။mizzima