ပဲခူး PDF ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် ကြီး ထွန်းထွန်းနိုင် သေဆုံးခဲ့ဟု အတည်ပြု

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲခူး PDF က ဇွန်လ ၁၅ ရက်နေ့ ပစ်ခတ် ရှင်းလင်းခဲ့ရာ ရဲဘက် နှင့် မိသားစုဘက်မှ လည်း ရဲတပ်ကြပ်ကြီး ထွန်းထွန်းနိုင်သေဆုံးမှုကို အတည်ပြု ထားသည်။

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်း ကျောက်တံခါး မြို့နယ် ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှ ရဲ တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ ၁ က ကျောက်တံခါးမြို့အဝင် ဆိုင်း ဘုတ်ရှေ့၌ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ကြပ်ကြီး ထွန်းထွန်းနိုင်သည် ဇနီးနှင့် သားသမီး ၄ ဦး၊ မြေးတစ်ဦး ရှိပြီး ကွယ်လွန်ချိန်တွင် အသက် ၄၆ နှစ်ရှိကာ ဇွန်လ ၂၁ ရက်နေ့ ပဲနွယ်ကုန်း ရဲစခန်းဝင်း အတွင်းရှိ နေအိမ်တွင် နာရေးရက်လည်တရားနာ ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s