ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လက်နက်အပ် အလင်းဝင်ရန် ပဲခူးမြို့ စစ်ကောင်စီတပ်က ကားဖြင့်လိုက်လံကြေညာ

ပဲခူးမြို့တွင် စစ်ကောင်စီတပ်မှ ရပ်ကွက်အတွင်း ဇွန်လ ၁၉ရက်နေ့ ည ၈နာရီဝန်းကျင်၌ ကားတစ်စီးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်နက်များအပ်ပြီး အလင်းဝင်ရန် လိုက်လံကြေညာနေကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က ညလောက်မှာ ခွေးဘီလူးကားလေးနဲ့ လာအော်သွားတာပဲ အော်သာ အော်တာပါဗျာ ကားက အရှိန်မလျော့ဘူး မောင်းပြေးတာပဲ ရပ် ကွက်တိုင်းကို အော်တာလို့တော့ ကြားတယ်” ဟု ပဲခူးမြို့ဒေသခံတစ်ဦးမှပြောသည်။ အဆိုပါ စစ်ကောင်စီမှ လိုက်လံကြေညာနေခြင်းအပေါ် စိတ်မဝင်စားကြောင်း၊ အလင်းဝင်သည်ဆိုသည့် PDFများသည် PDFအစစ်များမဟုတ်ကြောင်း ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

“ အေးဆေးစွာဆန္ဒပြတဲ့သူတွေကို ရိုက်တယ် သေနတ်တွေနဲ့ပစ်တယ်၊ အဆိုးဆုံးအချက်က ရန်ကုန်မှာပေါ့ ၊ လူနာတင်ယာဉ်ပေါ်က သူတွေကို သေနတ်ဒင်တွေနဲ့ လွဲလွဲရိုက်တယ်၊ အဲ့ဒါတွေ ကြည့်ပြီးတော့ ကျနော်တို့က လက်နက်ကိုင်သင့်တယ်ဆိုတဲ့ လမ်းစဉ်ကို ဝင်ခဲ့တယ်၊ လက်နက် ကိုင်ပြီးတဲ့နောက်မှာတော့ မိသားစုတွေဆုံးရှုံးရတယ်၊ ကျနော်တို့ တက်လမ်းတွေ အစစအရာရာဆုံးရှုံးရတယ်၊ အဲ့လိုဖြစ်ပြီးမှတော့ ဒီစစ်အာ ဏာရှင်ကို အဆုံးထိတိုက်မယ် အလင်းဝင်ပါဆိုတဲ့ ပြောတဲ့စကားကိုလည်းပဲ သူတို့အရှက်မရှိလို့ ပြောတယ်လို့ပဲ ယူဆတယ်” ဟု ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မှပြောသည်။

စစ်တပ်မှ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အာဏာသိမ်းခြင်းကို လက်မခံသည့် EAOsလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များ တိုက်ခိုက်မှုကြောင့် နေ့စဉ် စစ်ကောင်စီတပ်သား အများအပြားကျဆုံးနေခြင်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s