ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်၏ လက်နက် ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး လက်နက်ကြီးအစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ ဇွန်လ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု အတွင်းရှိ ဒေလော်ပူကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်သည် စစ်ကောင်စီတပ်က “တမင်ရည်ရွယ်ပစ်ခတ်ခြင်းဖြစ်သည်” ဟု KNU က ဆိုထားသည်။

KNUတပ်မဟာ(၅)ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့တို့အကြား နေ့စဉ် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် မေလအတွင်းက အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မဟာမိတ်ဖြစ်သော ကရင်နယ်ခြားစောင့် တပ် BGF ပူးပေါင်းတပ်ဖွဲ့က အ မြောက် လက်နက်ကြီးကျည် ၁၀၆ လုံးပစ်ခတ်ခဲ့ရာ အရပ်သားနှစ်ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း KNU တပ်မဟာ (၅) ၏ လချုပ်မှတ်တမ်းတွင် ဖော်ပြ ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s