မောင်တောမြို့က ပျောက်ဆုံး ကျောင်းအုပ်နှင့်ဆရာမကို လိုက်ရှာသူများ သေနတ်ဖြင့် ပစ် ခတ်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ကျောင်းအုပ် ဆရာကြီး နဲ့ ဆရာမ တို့အား လိုက်ရှာနေကြသူတွေ ဇွန် ၁၉ ရက် ဒီနေ့ညနေ ၃ နာရီလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်ခံရတာကြောင့် ၃ ဦး ဒဏ်ရာ ရှိသွားတယ်လို့ လိုက်ရှာသူတွေထဲပါဝင်တဲ့  ဒေသခံတဦးက အတည်ပြုပြောပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ အုပ်စုလာတာကိုမြင်တာနဲ့ သေနတ်နဲ့ ၇ ချက်ပစ်တာ ၃ ဦးဒဏ်ရာရသွားတယ်။ ပစ်တာက ဘယ်အဖွဲ့လဲဆိုတာမသိပါဘူး။”

ဇွန် ၁၆ ရက် နေ့လယ်က သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ် ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့အသွား တောင်ပြိုလမ်းခုလပ်တနေရာမှာ ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးသမားတွေ‌က ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတထောင်) လောက်နဲ့ ပြန်ရွေးဖို့ ပညာရေးမှူးဆီ ဆက်သွယ်တောင်းဆိုထားတာပါ။

ပျောက်ဆုံးနေသူ ၂ ဦးအား ဒီနေ့ အဖွဲ့  ၆ ဖွဲ့ခွဲပြီး လိုက်ရှာနေကြရာ ကွမ်းသီပင်အုပ်စု မဲ့တီကျေးရွာမှာ လိုက်ရှာတဲ့အဖွဲ့ အပစ်ခံရတာလည်းဖြစ်ပါတယ်။

“ဒီနေ့မှာ ကျနော်တို့ လူ ၂၀၀ ​ကျော်လောက်စုပြီး အဖွဲ့ ၆ ဖွဲ့ခွဲပြီး လိုက်ရှာနေကြတာ။ ကွမ်းသီးပင်ကျေးရွာ အုပ်စုကအဖွဲ့ အပစ်ခံရတာ။ အခု နယ်ခြားစောင့်တွေလိုက်သွားကြတယ်” လို့ ဒေသခံက ပြောပါတယ်။

ဒဏ်ရာရှိသူတွေကတော့ ခူတိုင်ရွာမှ ဦးနီအောင်နဲ့ အခြား ၂ ဦးတို့ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတာကြောင့် ရှာဖွေသူ ၅၀ လောက်ဟာ လူအုပ်စုကွဲသွားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ သင်္ဘောလှမူလွန်ကျောင်းကျောင်းအုပ် ဆရာကြီးဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့အား ဒီနေ့ ၃ ရက်မြောက် အဖြစ် လိုက်လံရှာဖွေနေကြတာပါ။

အခုလို ပြန်ပေးဆွဲခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရခိုင်ပြည်နယ်ကောင်စီနဲ့ စစ်ကောင်စီပညာရေး ဝန်ကြီးဌာနတို့က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s