ယင်းမာပင်မြို့နယ်အတွင်း မိုင်းခွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင် လမ်းခွဲအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးသွားကြောင်း Regional Friend Fighters (RFF) တပ်ဖွဲ့မှ ဇွန်လ ၁၉ရက်နေ့တွင် ထုတ်ပြန်သည်။
“ကျနော်တို့က စောင့်ပြီး ရှေ့ထွက်မိုင်း သုံးလုံး၊ တွဲမိုင်း ငါးတွဲ နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ၊ စစ်ခွေးတွေ ၁၀ ယောက်ထက်မနည်း သေနိုင်ပါတယ်” ဟု RFF တာဝန်ရှိသူတစ် ဉီးမှ ပြောသည်။
ယင်းမာပင်မြို့မှ ထွက်ခွာလာသော စစ်ကောင်စီယာဉ် ၁၀၂စီးရှိ လုံခြုံရေးဆောင်ရွက်ပေးနေသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ယမန်နေ့ နံနက် ၉နာရီခန့်၌ ဖိုလ်ဝင်တောင်လမ်းခွဲတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲပြီးချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း၊သို့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်တစ်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုအား Regional Friend Fighters (RFF) နှင့်အတူ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ Golden Star Force နှင့် Lucky Seven အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima