လားရှိုးမြို့၌ နိုင်ငံတော်၏အတိုင်ပင်ခံအား လူ မှုကွန်ရက်တွင် မွေးနေ့ဆုတောင်းပေးသူ လူ ငယ်ကို စစ်ကောင်စီဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ (၇၇)နှစ်မြောက်မွေးနေ့တွင် “ဟက်ပီးဘက်ဒ့်ဒေးအမေစု” ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သူ လူငယ်တစ်ဦးကို စစ်ကောင်စီမှဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၁၂) ကောင်းခါးတွင်နေထိုင်သည့် လူငယ် ကို မည်သည့်အကြောင်းပြချက်မှမရှိဘဲ စစ်ကား၊ ရဲကား ခြောက်စီးဖြင့် နေအိမ်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ ကောင်လေးက ဘာမှမလုပ်ပါဘူး။ ဟက်ဘီးဘက်ဒ်ဒေးအမေစုလို့ပဲ ရေးတာ။ အဲဒါ တိုင်သူရှိတယ်ထင် တယ်။ ရပ်ကွက်လူကြီးလည်းပါတယ်။ ညကြီးမှ ကားခြောက်စီးနဲ့အိမ်ကိုဝင်ဖမ်းတာ” ဟု ပြောပါသည်။

လက်ရှိတွင် အဆိုပါလူငယ်ကို မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို မသိရသေးကြောင်းသိရသည်။

လားရှိုးမြို့တွင် အာဏာသိမ်းမှု တစ်နှစ်ကျော်ကာလအတွင်း လူငယ်များ မကြာခဏဖမ်းဆီးခံရမှုရှိသော် လည်း စစ်ကောင်စီ၏ခြိမ်းခြောက်မှုကြောင့် မိသားစုများအနေဖြင့် ထုတ်ဖော်ပြောဆိုရဲမှု မရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s