လေယာဉ်ဆီခိုးထုတ်ရောင်းချရာတွင် လေတပ်မှ ဒုဗိုလ်မှူးကြီး ၇ ဦးနှင့်ဗိုလ်မှူး ၂ ဦးပါဝင်ပတ် သက်၊ လေယာဉ်ဆီတစ်ပီပါ ၅ သိန်း၅သောင်းအထိစျေးရ

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ လေတပ်မှ ဒုဗိုလ်မှူးကြီး ၇ ဦးနှင့် ဗိုလ်မှူး ၂ ဦးတို့သည် လေယာဉ်ဆီများ ခိုးထုတ်ရောင်းချရာတွင် အဓိက ဦးဆောင်ပါဝင်ပတ်သက်လျက်ရှိပြီး လေယာဉ် ဆီတစ်ပီပါစျေးနှုန်းမှာလည်း သူခိုး လက်ခံစျေးကွက်တွင် စျေးကောင်းလာကြောင်း သိရှိရသည်။

“​လေယာဥ်ဆီတစ်​ပေပါကို ၅၅၀၀၀၀​ ပေါက်​နေတယ်။ အရင်က ၃၅၀၀၀၀ ဆို ထန်ကုန်ပဲ။ တစ်ခါတ​လေ မှ အဲဒီ​စျေးရတာ။ ဒီကောင်တွေက လေယာဉ်ဆီနဲ့ ဝင်ငွေဖြောင့်နေတာ။လုပ်ငန်းရှင်တွေကလည်း ဝယ် တာ ပဲ”ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

လေတပ်မှ ဆီခိုးရောင်းပေးနေသောတာဝန်ခံအရာရှိများအမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

လေတပ်မှ ဆီခိုးရောင်းပေးနေသော တာဝန်ခံအရာရှိများစာရင်း

====================================

၁-ဒုတိယဗိုလ်မှူးကြီးဝင်းမောင်မောင်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်။

၂-ဒုတိယဗိုလ်မှူးကြီးဆန်းမင်းထွန်း၊ မကွေးလေတပ်စခန်းဌာနချုပ်။

၃-ဗိုလ်မှူးအောင်မျိုးဝင်း၊ တောင်ငူလေတပ်စခန်းဌာနချုပ်။

၄-ဒုတိယဗိုလ်မှူးကြီးနေလင်းထွဋ်၊ နမ့်စန်လေတပ်စခန်းဌာနချုပ်။

၅-ဒုတိယဗိုလ်မှူးကြီးပြည့်ဖြိုးကျော်၊ လထခ မင်္ဂလာဒုံ။

၆-ဒုတိယဗိုလ်မှူးကြီးရဲဝင်း၊ လေတပ်စခန်း(နေပြည်တော်)။

၇-ဒုတိယဗိုလ်မှူးကြီးကျော်မင်းထိုက်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်။

၈-ဒုတိယဗိုလ်မှူးကြီးမြတ်သူအောင်၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်။

၉-ဗိုလ်မှူးကျော်ဆန်းဇင်၊ မြေပြင်အတတ်သင်လေတပ်စခန်း။

(သတင်းအသေးစိတ်ကို ခေတ်သစ်သတင်းဌာန၏ တယ်လီဂရမ် https://t.me/khitthitnews ၊ တွစ်တာ https://twitter.com/Khithitofficial ၊ Website https://yktnews.com တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ) khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s