သံတောင်မြို့၊ စာတိုက်ရုံးလမ်းဆုံတွင် စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ စနိုက်ပါဖြင့် ပစ် ခတ်ခံရပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ သံတောင်မြို့ စာတိုက်ရုံး လမ်းဆုံတွင် ခရီးသွားပြည်သူများကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇွန်လ ၂၀ ရက် နံနက် ၉ နာရီ ၄၀ ခန့်တွင် သံတောင် PDF က စနိုက်ပါဖြင့် ပစ်ခတ်ရာ တပ်ကြပ်ကြီး အဆင့်ရှိ စစ်သား ၁ ဦး သေဆုံးသွားကြောင်း သံတောင် PDF က သတင်းထုတ်ပြန်သည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် အနီးဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး စစ်ဆေးဖမ်းဆီးမှုများ လုပ်လာနိုင်သဖြင့် ပြည်သူများ သတိပြုသွားလာကြရန် ထုတ်ပြန်ထားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သည် အခင်းဖြစ်ရာအနီးရှိ စာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲပြီး လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s