BPLA တာဝန်ခံ ကဗျာဆရာမောင်ဆောင်းခ၏ “တိတ်တဆိတ်နာကျင်ရခြင်းတွေ” ကဗျာစာ အုပ် တပ်ဖွဲ့ ရန်ပုံငွေအတွက် ရောင်းချ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA ၏ ရန်ပုံငွေအဖြစ် ကဗျာဆရာ မောင်ဆောင်းခ ရေးသား သည့် “တိတ်တဆိတ်နာကျင်ရခြင်းတွေ” ကဗျာစာအုပ် (PDF-file)ကို ဇွန်လ ၁၈ နေ့မှစ၍ BPLA-Venture Facebook page သို့ဆက်သွယ်ကာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။

တပ်ဖွဲ့ရန်ပုံငွေအတွက် ရောင်းချလျှက်ရှိသည့် “တိတ်တဆိတ်နာကျင်ရခြင်းတွေ” ကဗျာစာအုပ်တွင် မောင်ဆောင်းခ၏ လူသားဆန်သည့် ခံစားချက်၊ အမူအကျင့်၊ အမှတ်တရ အဖြစ်အပျက်များနှင့် နိုင်ငံရေး အတွေးအမြင်များအား ခံစားတွေ့မြင်နိုင်မည်ဖြစ်ပြီး ၎င်း၏လူကြိုက်များလှသည့် “မမ”ကဗျာများနှင့် တော်လှန်ရေး ကဗျာများလည်း အပြည့်အစုံဖတ်ရှုနိုင်မည်ဖြစ်သည်။

မောင်ဆောင်းခ၏ ကဗျာစာအုပ် (PDF file) အား မြန်မာငွေ ကျပ် ၃၀၀၀ အနည်းဆုံးသတ်မှတ်၍ ရောင်းချ နေပြီး သတ်မှတ်ထားသည်ထက် ပိုမိုထည့်ဝင်ဝယ်ယူပေးကြရန်လည်း BPLA-Venture မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ကဗျာဆရာမောင်ဆောင်းခသည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA ၏ တာဝန်ခံဖြစ်သည့် အပြင် သမ္မတဟောင်းဦးသိန်းစိန်လက်ထက်က ၎င်းရေးသားခဲ့သည့် “ပုံရိပ်” ဟူသည့်ကဗျာကြောင့် ထောင ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

“ပုံရိပ်”ကဗျာသည် သမ္မတဦးသိန်းစိန်အပေါ် အသရေဖျက်သည်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေ မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရပြီး ၂၀၁၆ ခုနှစ် တွင် ထောင်ဒဏ် ခြောက်လချမှတ်ခံခဲ့ရသည်။

ယခုရောင်းချလျက်ရှိသည့် မောင်ဆောင်းခ၏ကဗျာစာအုပ်တွင် အကျဉ်းကျခံစဉ်ကရေးသားခဲ့သည့် “ I have a fucking dream” ကဗျာတစ်ပုဒ်လည်း ပါဝင်သည်။

“မိုးရာသီကာလဖြစ်တော့ ရှေ့တန်းရောက်နေတဲ့ရဲဘော်တွေရော၊ သင်တန်းတက်ကြမယ့် သင်တန်းသူ သင်တန်းသားတွေရော ပိုပြီးခက်ခက်ခဲခဲ ရုန်းကန်ရတယ်။ တပ်ဖွဲ့ဝင်အင်အားများလာတာနဲ့အမျှ သူတို့ အတွက် လိုအပ်ချက်တွေပိုပိုများလာပါတယ်။ ရန်ပုံငွေလိုအပ်ချက်ကြီးမားလာတဲ့အတွက် ကျွန်တော့် ကဗျာစာအုပ်ကို E-Book အနေနဲ့ ထုတ်ရောင်းရတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ထောင်ကျစဉ်က ကျွန်တော် ရေးထားတဲ့ တော်လှန်ရေးကဗျာတွေနဲ့ လူငယ်ကြိုက် အချစ်ကဗျာတွေ အများစုပါဝင် ပါတယ်” ဟု BPLA တာဝန်ခံ ကဗျာဆရာမောင်ဆောင်းခက ပြော သည်။

ကဗျာဆရာမောင်ဆောင်းခသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထုတ် ချင်းတွင်းမဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် “နာကျင်အော်ဟစ် သက်ရှိမြစ်များ” ကဗျာဖြင့် ၂၀၁၉ ခုနှစ်အတွက် ရွှေအမြုတေကဗျာဆုကို ရရှိထားသူ ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေတွင်အခြေစိုက်သည့် ဗမာပြည်သူ့လွတ်မြောက် ရေးတပ်တော်- BPLAကို ၂၀၂၁ ခုနစ် ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့သည်။ BPLA သည် လက်ရှိတွင် အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၃)ထိပြီးမြောက်ထားကာ အမှတ်စဉ်(၄)အတွက် တပ်ဖွဲ့ဝင်သစ်များခေါ်ယူ လျှက်ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s