Total ကုမ္ပဏီက စစ်ကောင်စီထံ ဒေါ်လာ သန်း ၂၅၀ မပေးရေး တားဆီးရန် ပြင်သစ်အစိုးရထံ မြန်မာနှင့်အရပ်ဘက်အဖွဲ့ ၄၅၉ ခုက တောင်းဆို


Total ကုမ္ပဏီက စစ်ကောင်စီထံ ဒေါ်လာ သန်း ၂၅၀ မပေးရေး တားဆီးရန် ပြင်သစ်အစိုးရထံ မြန်မာနှင့်အရပ်ဘက်အဖွဲ့ ၄၅၉ ခုက တောင်းဆိုသည့် ကြေညာချက်တစ်ရပ်ကို ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီက ထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ် ငန်း အပေါ် ချမှတ်ထားသော ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ကို လိုက်နာ၍ Total ကုမ္ပဏီက စစ်ကောင်စီထံ ဒေါ်လာ သန်း ၂၅၀ မပေးရေး ပြင်သစ်အစိုးရက တားဆီးပေးရန် နိုင်ငံပေါင်း ၂၀ မှ အရပ်ဘက်အဖွဲ့အစည်း ၄၅၉ ခုက တောင်းဆိုသည့် ပူးတွဲကြေညာချက်တစ်စောင်ကို Blood Money Campaign က ထုတ်ပြန်သည်။
လာမည့် ဇူလိုင်လ၂၀ရက်နေ့တွင် Total ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာ မည်ဖြစ်ပြီး မထွက်ခွာမီ ၆လစာအမြတ်ငွေအဖြစ် စစ်ကောင်စီကို အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၅၀ လွှဲအပ်ရန် ရှိနေခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဥရောပသမ္မဂ က မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသို့ ချမှတ်ခဲ့သော စီးပွားရေးဒဏ်ခတ်မှုတွင် ကင်း လွတ်ခွင့် ဆိုသော အချက်ပါဝင်နေပါသည်။
ထိုကင်းလွတ်ခွင့်အရ ပြင်သစ် Total ကုမ္ပဏီသည် စစ်ကောင်စီကို အမေရိကန် ဒေါလာသန်း၂၅၀ လွှဲခဲ့ရန် ပြင်သစ် အစိုးရခွင့်ပြုချက်ရမှသာ စစ်ကောင်စီထံသို့ လွှဲခွင့်ရှိမည်ဖြစ်သည်။ khit thit