Twantay Royal (TRDF) ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံထားရ

ရန်ကုန်တိုင်း တွံတေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Twantay Royal (TRDF)မှ တော်လှန်ရေးရဲဘော်နှစ်ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း TRDF တာဝန်ရှိသူထံမှ သိရ သည်။

Twantay Royal တပ်ဖွဲ့မှ ရဲဘော်တစ်ဦးသည် ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်မြို့အတွင်း ကိစ္စတစ်ခုဖြင့် သွားလာနေစဉ် စစ်ကောင်စီတပ်၏ ရှောင်တခင်စစ်ဆေးမှုတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ထိုမှတဆင့် တွံတေးမြို့နယ်ရှိ နောက်ထပ်ရဲဘော်တစ်ဦး ထပ်မံဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

“သူက ရန်ကုန်မှာနေတာ။ ဇွန်လ ၁၁ ရက်နေ့မှာ ကျွန်တော်တို့နဲ့တွေ့တယ်။ မြေနီကုန်းကနေ လမ်းခွဲခဲ့ ကြပြီးနောက် သူနဲ့အဆက်အသွယ် ပြတ်သွားတယ်။ ညနေပိုင်းကျမှအဆက်အသွယ်ပြန်ရပြီး TRDF ဂရုထဲ စာတွေအပြန်အလှန်ရေးနေတာပါ။ အဲဒီမှာ မူမမှန်လို့ Code မေးတော့ မဖြေနိုင်ရာကနေ သူအဖမ်းခံလိုက် ရတယ်ဆိုတာ အတည်ပြုနိုင်တာပါ” ဟု Twantay Royal (TRDF)တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က အဆိုပါရဲဘော်ကို ဖမ်းဆီးပြီးနောက် ဇွန်လ ၁၂ ရက်နေ့တွင် တွံတေးမြို့နယ် ရှမ်းစု ကျေးရွာရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းကာ နောက်ထပ်ရဲဘော်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ကြိုးတုပ်ကာ အခြားရဲဘော်များနေထိုင်သည့် နေရာများကို လိုက်လံပြသခိုင်းခဲ့ကြောင်း သိရသည်။

“တွံတေးက တစ်ယောက်က ဇွန်လ ၁၂ ရက်နေ့ညမှာ နေအိမ်ကိုဝင်စီးပြီး ရိုက်နှက်ဖမ်းဆီးခံရတာ။ ပြီးတော့ ကြိုးတုပ်ပြီးတခြားသူတွေနေတဲ့နေရာကို လိုက်ပြခိုင်းပြီး နောက်ထပ်နေအိမ်တစ်လုံးကို ဝင်စီး ရာမှာ အဲ့ဒီအိမ်ကတစ်ယောက်မရှိလို့ သူအဖေနဲ့အကိုကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။ ရှောင်နေ တဲ့သူလာအဖမ်းခံမှ ဓားစာခံတွေကိုပြန်လွှတ်ပေးမယ်ဆိုပြီးလည်း မြို့နယ်အတွင်း သတင်းလွှင့် ထားပါ တယ် ” ဟု TRDF တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်က Twantay Royal တပ်ဖွဲ့ဝင်များကို တွံတေးမြို့နယ်အတွင်း ဖမ်းဆီးမှုများပြုလုပ်ရာ တွင် လက်နက်ပစ္စည်းအချို့လည်း သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံထားရသည့် TRDF ရဲဘော်နှစ်ဦးအနက် တစ်ဦးမှာ စစ်ကြောရေးတွင်သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်နေပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ကြောင်းလည်း TRDF တာဝန်ရှိသူက ဆိုသည်။

“ တွံတေးမှာ ဒီရက်ပိုင်း ဖမ်းဆီးခံရမှုတွေများနေပါတယ်။ မြို့ပေါ်နေသူတွေတောင် သတင်းမပေးရဲကြ ဘူး။ ကျေးရွာဘက်တွေက ဖမ်းဆီးခံရတဲ့သတင်းတွေဆို သတင်းအစအနတောင်မရ ဖြစ်နေတယ်။ အစစ် အဆေးကြမ်းနေတာမျိုး မဟုတ်ဘဲနဲ့ကို ကြောက်နေကြတာ” ဟု တွံတေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က တွံတေးမြို့ပေါ်နှင့် ကျေးရွာများတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသလို မြို့နယ် အတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် တက်ကြွလှုပ်ရှားသူများကိုဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ် လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း တွံတေးမြို့ ၊ ကုန်းဝက်ချောင်းကျေးရွာမှ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဖြင့် ယခင်ကဖမ်းဆီးခံရဖူးသူမချိုဇင်ကို လာရောက်ရှာဖွေရာ မတွေ့ရှိခြင်းကြောင့် မချိုဇင်၏မိသားစုဝင် လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သ တင်းများကို ဖော်ပြနေ သည့် Twantay Daily News တွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s