စစ်ကိုင်းနှင့် မကွေးတိုင်းများတွင် အဓိကလမ်း မကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို PDF များ ထိန်းချုပ်နိုင်ပြီဟု NUG ပြော

နွေဦးတော်လှန်‌ရေး ၁ နှစ်ကျော်ကာလတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွ င် အဓိကလမ်းမကြီးများ၏ ၉၀ ရာ ခိုင်နှုန်းခန့်ကို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ များ က စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်ထုတ်ဖော်ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ပြုလုပ်သော NUG ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကိုင်းနှင့် မကွေးတိုင်း အဓိကလမ်းမများ၏ ၉၀ ရာခိုင်နှုန်းကို PDF များက စိုးမိုးထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြောက်ကျားစစ်တင်မက ဘဲ ရင်ဆိုင်တိုက်ပွဲများအထိပါ လုပ်ဆောင်လာနိုင်ကြောင်း Press Secretary အဖွဲ့မှ ဦးနေဘုန်းလတ်က ပြောဆိုသည်။

အလားတူ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်မှုများ လုပ် ဆောင်လာနိုင်ကြောင်းနှင့် မ ဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော KNU၊ KA၊ CNF၊ KIA များ သည်လည်း ပြည်နယ်အသီးသီးတွင် စိုးမိုးနယ်မြေများ ယခင်ကထက် ပိုများ လာကြောင်း ဦးနေဘုန်းလတ်က ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s