စစ်တပ်တွင် စစ်သားများ ကျဆုံး၊ တပ်ပြေး၊ ထောင်ကျ၊ ထွက်ခွင့်ပေး အပါ အဝင် အင်အားပြုန်းတီးမှုနှုန်း ၂ ရာခိုင်နှုန်းအထက်ရှိနေ၍ အင်အား မပြုန်း တီးရေး ဆောင်ရွက်ရန် တပ်တွင်း သတိပေးချက် ထုတ်ပြန်

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်တွင် စစ်သားများ ကျဆုံး ခြင်း၊ တပ်ပြေးခြင်း၊ ထောင်ကျခြင်း၊ ထွက်ခွင့်ပေးခြင်း အပါ အဝင် အင်အားပြုန်း တီးမှု နှုန်း ၂ ရာခိုင်နှုန်းအထက်ရှိနေ၍ ယင်းသို့ကဲ့သို့ အင်အားပြုန်းတီးမှု ရာခိုင် နှုန်း မြင့်တက်လာခြင်းမရှိစေရေး ဆောင် ရွက်ရန် တပ်အတွင်း သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ် မတ်လအတွင်း ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်နေသော အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်သည် မတ်လအတွင်း ပြုန်းတီးအင် အား ၅၈ ဦး၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ထိုးစစ်ဆင်နေသော အမှတ် ၁၀ စစ်ဆင် ရေး ကွပ်ကွဲမှုဌာနချုပ်၏ ပြုန်းတီးအင်အားသည် မတ်လအတွင်း ၁၀၂ ဦးနှင့် ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသော အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၏ မတ်လအတွင်း ပြုန်းတီးအင်အား ၅၁ ဦး ရှိကြောင်းသိရှိရသည်။
စစ်တပ်၏ ပြုန်းတီးအင်အားသည် ရာခိုင်နှုန်းအားဖြင့် ကရင်နီပြည်နယ်တွင် အမှတ် ၆၆ တပ်မဌာနချုပ်၏ မတ်လ ပြုန်းတီးအင်အား ရာခိုင်နှုန်းသည် ၃ ဒသမ ၀၁ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အမှတ် ၁၀ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ်၏ မတ်လ ပြုန်းတီးအင်အား ရာ ခိုင်နှုန်းသည် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်တွင် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်၏ ပြုန်းတီးအင်အား ရာခိုင်နှုန်းသည် ၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြုန်းတီးမှု အင်အား ၂ ရာခိုင်နှုန်း ကျော်လွန်သဖြင့် နောင် အလားတူ ရာခိုင်နှုန်း ကျော်လွန်မှု မရှိစေရေး တာဝန်ရှိသူများက အလေးထား ကြပ်မတ်သွားရန် ရည်ညွန်းပါစာဖြင့် သတိပေးလာခဲ့ကြောင်း သိရှိရသည်။
“မတ်လတုန်းက စာရင်းတောင် အဲဒီလောက်ဆိုရင် တစ်လတည်းတောင် အဲဒီလောက်ဆိုရင် နည်းနည်းနောနောမဟုတ်ဘူး။ တကယ့်ကို တိုက် ပွဲဖြစ်တဲ့နေရာတွေမှာအကျအဆုံးတွေ နည်းနည်းနောနောမဟုတ်ဘူး။ အဲဒီလောက်အထိ များနေတာ။ ဒါတောင် ၃ လပိုင်း တစ်လပဲရှိသေးတယ်။ ၄ လပိုင်း၊ ၅ လပိုင်းတွေပါ ထည့်တွက်ရင် အဲဒီထက်များ ဖို့ပဲရှိတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်၏ နေ့စဉ် ထုတ်ပြန်သော တိုက်ပွဲများတွင် သေဆုံးသော စစ်သား သေဆုံးမှု စာရင်းများအရ တစ်နေ့လျှင် စစ်သား သေဆုံးမှုသည် ပျှမ်းမျှ ၅၀ နီးပါးဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။ khit thit