တမူးမြို့နယ်အတွင်း စစ်တပ်ထုတ် မြန်မာဘီယာများ ကာကွယ်ရေးတပ်ဖျက်ဆီး

စစ်ကိုင်းတိုင်း တမူးမြို့နယ် ကလေး – တမူး အာရှလမ်းမပေါ်တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသော စစ်ကောင်စီတပ်ထုတ် မြန်မာဘီ ယာ ဖာ ၁၀၀ ဝန်းကျင်အား ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (တမူး)၊ တပ်ရင်း (၃) ထံမှ သိရှိရသည်။

ဇွန်လ ၂၀ရက် ညနေ ၅နာရီ ၃၀မိနစ်အချိန်တွင် ကလေး -တမူး လမ်းပေါ် နန်မွန်းတာရွာအနီးတွင် ကုန်ကားတစ်စီအား စစ်ဆေးရာ မြန်မာဘီ ယာများတွေ့ရှိခဲ့သဖြင့် ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ဖျက်ဆီးခဲ့သော ဘီယာများနှင့်ပတ်သက်ပြီး နောက်နောင် သယ်ဆောင်ခြင်းမပြုရန် သတိပေးခဲ့ကြောင်း သိရသည်။

Tamu PDF တပ်ရင်း (၃) မှ ကလေး – တမူးလမ်းမပေါ် ဖြတ်သန်းသွားသည့် ယာဉ်များအပေါ် စည်းကမ်းချက်များထုတ်ပြန်ခဲ့ပြီး ယင်းအထဲတွင် စစ်ကောင်စီတပ်သည် အိမ်စီးကား ၊ ခရီးသည်တင်ကားများ နှင့် ၁၂ဘီးကားများအား အသုံးပြု၍ လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း၊ သို့ပါ၍ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီကားနှင့် မှားယွင်းပစ်ခတ်မှု မဖြစ်စေရန် ကားမှန်များ ချထားပေးရန် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ထုတ်ကုန်များဖြစ်သော Myanmar , Dagon , Mandalay , Andaman Gold ဘီယာများ Red Ruby , Premiun Gold စီးကရက်များ သယ်ယူပို့ဆောင် ရောင်းဝယ်ဖောက်ကားခြင်းများအား တွေ့ရှိပါက ပြင်းထန်ထိရောက်စွာအ ရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s