ပြည်ကြီးတံခွန် အရန်မီးသတ် စခန်း လက်ပစ် ဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ စက်မှု နယ်မြေရဲစခန်း ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခံရသော်လည်း မပေါက်ကွဲ

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ဃ ရပ်ကွက် အရန်မီးသတ် စခန်းကို ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက လက် ပစ် ဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Kings Cobra Guerilla Force (Mandalay) ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အရန်မီးသတ်စခန်းကို Kings Cobra Guerilla Force (Mandalay) ပြောက်ကျား တပ်ဖွဲ့၊ Mother Son Mandalay Force ပြောက် ကျား တပ်ဖွဲ့ နှင့် M.R.R.F တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ၆ လပိုင်း ၁၉ ရက်နေ့ နံနက်က အခု မီးသတ်ရုံးအခြေစိုက်ရာ ရပ်ကွက်ကို စစ် တပ်က ဝင်ရောက်ဖမ်းဆီးရှာဖွေမှုတွေ လုပ်တာကို အရန် မီး သတ်က ကောင် တွေက အဓိက ပံ့ပိုးကူညီခဲ့တယ်။ စစ်တပ်က လမ်းတွေပိတ်ပြီး စစ်ဆေး ဖမ်းဆီး တဲ့နေရာတွေမှာ အဲဒီ အရံ မီးသတ်က ကောင်တွေက ရှေ့ဆုံးကနေ အားတက်သရော ပါဝင်နေသလို သူတို့ မီးသတ် ခေါင်းဆောင်ဖြစ်သူ ဇော်ကြီး ဆိုသူဟာလည်း ပျုစောထီး အဖွဲ့ဝင်လို့ စုံစမ်းသိရှိထားလို့ မဟာမိတ် ၃ ဖွဲ့ ပေါင်းပြီး တိုက် ခိုက်ခဲ့တာပါ”ဟု Kings Cobra Guerilla Force (Mandalay) ပြောက်ကျား တပ်ဖွဲ့မှ ဗိုလ်မြွေပွေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။

အလားတူ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု နယ်မြေရဲစခန်းကို ယနေ့ ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ကျော်အချိန် ဗုံးဖြင့် တိုက် ခိုက်ခဲ့ပြီး ဗုံးမှာ ပေါက်ကွဲမှု မဖြစ်ဘဲ ရဲက သိမ်းဆည်းသွားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s