ပြည်သူများနှင့်အတူမရပ်တည်သူများကို သုတ် သင်ရှင်းလင်းသွားမည်ဟု Generation Z Power (GZP) အဖွဲ့ ပြောကြား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက် အောင်ချမ်းသာရပ်ကွက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦးကို Generation Z Power အဖွဲ့က ရှင်းလင်းခဲ့ပြီး ပြည်သူများနှင့်အတူ မရပ်တည်သူများကို သုတ်သင် ရှင်းလင်းသွားမည်ဟု အဖွဲ့ခေါင်းဆောင်ဖြစ်သူက ပြောကြားသည်။

တပ်ကြပ်ကြီးမျိုးထွေးဆိုသူသည် ရန်ကုန်မြို့တွင်တာဝန်ကျနေသူဖြစ်ပြီး မန္တလေးမြို့ရှိ ၎င်း၏နေအိမ်သို့ ခွင့်ယူကာ ပြန်လာနေစဉ် ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်က သေနတ်ဖြင့် ငါးချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Generation Z Power (GZP)အဖွဲ့ တာဝန်ခံထံမှ သိရသည်။

“ စကစတပ်ကြပ်ကြီးတယောက် ရန်ကုန်ကနေ ခွင့်နဲ့ မန္တလေးပြန်ရောက်ချိန်မှာ ရှင်းလင်းခဲ့တာပါခင်ဗျ။ လမ်းလျှောက်ပြီး မနက်စာထွက်ဝယ်တဲ့အချိန် ရှင်းလင်းခဲ့တာပါ။ စကစတပ်ကြပ်ကြီးက စကစရဲ့ အလိုတော်ကျတွေလုပ်တဲ့အတွက် ကျနော်တို့အနေနဲ့ ရှင်းလင်းရခြင်းဖြစ်ပါတယ်ခင်ဗျ” ဟု Generation Z Power (GZP)အဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် ယခုအချိန်တွင် စစ်ကောင်စီဘက်ကိုရွေးချယ်ပြီး ပြည်သူများနှင့်အတူ မရပ်တည်သည့် မည်သူ့ ကိုမဆို သုတ်သင်ရှင်းလင်းသွားမည်ဟုလည်း ၎င်းကပြောသည်။

တပ်ကြပ်ကြီးမျိုးထွေးသေဆုံးခဲ့ပြီးနောက် နာရေးကားဖြင့်သယ်ဆောင်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များရောက်ရှိလာကာ အနီးဝန်းကျင်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s