မန္တလေးကို ပြန်လာတဲ့ ရန်ကုန်မှ တပ်ကြပ်ကြီး မျိုးထွေး ပစ်ခတ် ခံရပြီး သေဆုံး၊ သရက်ချောင်းမှ စစ်တပ်သတင်းပေး လက်နက်ကိုင် ပျူစောထီး နိုင်မိုးလည်း ပစ်ခတ်ခံရပြီး သေ ဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ရန်ကုန်မှ ပြန်လာတဲ့ တပ်ကြပ်ကြီး မျိုးထွေး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မန္တလေး အခြေစိုက် Generation Z Pwer Mandalay က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မန္တလေး၊ မဟာအောင် မြေ မြို့နယ်၊ သံ/နောက် ၊ အောင်ချမ်းသာရပ်ကွက်မှာ ရန်ကုန်မှ ပြန် လာ တဲ့ စစ်ကောင်စီ တပ်ရဲ့ တပ်ကြပ်ကြီး မျိုးထွေး ကို Generation Z Power -GZP မန္တလေးက သေနတ်နဲ့ ၅ ချက် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ၊ ကနက်သီရိကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဒီနေ့ည ၇နာရီခွဲဝန်းကျင် ပစ် သတ်ခံလိုက်ရတယ်လို့ ရွာခံတွေထံကနေသိရပါတယ်။

သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် နိုင်မိုးဆိုသူဖြစ်ပြီး သူ့ရဲ့ နေအိမ် မှာပဲပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

“သေနတ်သံ ၅ချက်လောက်ဆက်တိုက်ကြားရတယ်။ သူ့အမျိုးသမီးလည်း ခြေထောက်ကိုသေနတ်မှန််တယ်လို့ကြားတယ်” လို့ဒေသခံရွာ သား တစ်ဦး ကပြောပါတယ်။

နိုင်မိုးဟာ စစ်ကောင်စီတပ်တွေ လက်နက်တပ်ဆင်ပေးထားတဲ့သူဖြစ်ပြီး ရွာသားတွေကိုအမျိုးမျိုးဒုက္ခပေးတဲ့သူလည်းဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

“သူသေတဲ့သတင်းကြားတာနဲ့တင်အရမ်းပျော်နေပြီ။ သူကြောင့် ဒုက္ခရောက် သူ နည်းမှမနည်းပဲ။ သူ့ကြောင့်ထောင်ထဲရောက်သူလည်းမနည်းဘူး။ သူရှိတုန်း ကရွာမှာ အိပ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားရပဲ” လို့ရွာသားတစ်ဦး ကပြောပါတယ်။

နိုင်မိုးကို ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

အရင်ကလည်း နိုင်မိုးကို အဖွဲ့တစ်ဖွဲ့က ရှင်းလင်းဖို့ကြိုးစားခဲ့ဖူးတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s