မန္တလေး ရဲသင်တန်းကျောင်း ဗုံး ပစ်ခံရ၊ ငွေတောင်းနေသည့် စစ်သားနှင့် ယာဥ် ထိန်းရဲတချို့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးနိုင်၊ ရွှေပြည်သာရဲတပ်ရင်း ၆ တွင်လည်း သေနတ်သံများ ဆက်တိုက်ထွက်ပေါ်

မန္တလေးမြို့ ၁၃၄၊ ၁၃၅× ၅၈ လမ်းရှိ ရဲသင်တန်းကျောင်းနှင့် ၁၃၃၊ ၅၇×၅၈ လမ်းရှိ စစ်သားနှင့် ယာဥ်ထိန်းရဲများ ငွေတောင်းနေသည့် နေရာကို ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် DRM Rangers Mandalay တပ်ဖွဲ့က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးနှင့် ယာဥ်ထိန်းရဲ ၁ ဦး သေ ဆုံးနိုင်ကြောင်း DRM Rangers Mandalay ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရဲသင်တန်းကျောင်းကို DRM တပ်ဖွဲ့က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သော ဖြစ် စဥ် တွင် ရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိသော်လည်း သေဆုံးမှု အ ရေ အတွက်ကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

စစ်သားနှင့် ယာဥ်ထိန်းရဲများ ငွေတောင်း ခံနေသော နေရာကို ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သော ဖြစ်စဥ်တွင် စစ်သား ၁ ဦးနှင့် ယာဥ်ထိန်းရဲ ၁ ဦး အပြင်း အထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးနိုင်ခြေများကြောင်း DRM Rangers Mandalay တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ရွှေပြည်သာ ရဲတပ်ရင်း ၆ ဘက်တွင်လည်း ယနေ့ ဇွန်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် သေနတ်သံ အချက် ၂၀ ကျော် ဆက်တိုက် ကြားရကြောင်းဒေသခံများက ပြောဆိုကြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s