မဟာအောင်မြေတွင် တပ်ကြပ်ကြီးတဦး ပစ်သတ်ခံရ

မန္တလေးမြို့  မဟာအောင်မြေမြို့နယ်မှာ ဇွန် ၂၁ ရက် မနက်ပိုင်းက  တပ်ကြပ်ကြီးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ တပ်ကြပ်ကြီး မျိုးထွေးဟာ ရန်ကုန်မြို့ကနေ မန္တလေးမြို့ကို ပြန်လာပြီး အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ မိခင်အိမ်ကို ပြန်လာစဉ် သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

တပ်ကြပ်ကြီးရဲ့ မိခင်နဲ့ ရင်းနှီးတဲ့ ဒေသခံတဦးက “ရန်ကုန်မြို့ကနေ မန္တလေးကို ရောက်လာတာ မကြာသေးဘူး။ သူ့အမေအိမ် ဝင်လည်ရင်းနဲ့ မနက် ၇ နာရီလောက်က  အပစ်ခံရတာ။ ၅ ချက်လောက်ရှိတယ် ပစ်သွားတာ။ ပွဲချင်းပြီးပဲ။ ဘယ်အဖွဲ့ လုပ်လည်းတော့ မသိဘူး” လို့ ပြောပါတယ်။

တပ်ကြပ်ကြီး မျိုးထွေးကို အမည်မသိ သေနတ်သမားက ပစ်ခတ်လို့ သေဆုံးအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး အောင်ချမ်း သာရပ်ကွက်အတွင်း စစ်ဆေးမေးမြန်း ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ ရက်ကလည်း  ချမ်းမြသာစည်မြို့နယ်က ရာအိမ်မှူး တယောက်ကို အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s