မိုင်းကွင်းထဲ ထမင်းလာစားသော စစ်ကောင်စီတပ် ပဒေသာမိုင်းများကြောင့် ၂ဝ ခန့်သေ၊ ဒဏ်ရာရသူများလည်းများပြား

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို မြို့ခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ယနေ့နံနက်က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား၂၀ ခန့်သေနိင်ပြီး ကာကွယ်ရေးတပ်ဘေးကင်းကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြို့၏တောင်ဘက် လေးမိုင်ခန့်အကွာရှိ ချင်းဆိုင် ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးလုပ်နေသော အာဏာသိမ်းတပ်ကို KALAY UGF အဖွဲ့က နံနက် ၈ နာရီအချိန်ခန့်တွင် မိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အသေအပျောက်များသလို ထိခိုက်ဒဏ်ရာရမှုလည်းများပြားခဲ့သည်။

အင်အား ၁၃၀ ခန့်ရှိသော စစ်ကောင်စီတပ်မှာ KALAY UGF က ထောင်ထားသော မိုင်းကွင်းထဲတွင် ထမင်းစားနေခိုက် အတွဲလိုက်ဆွဲသော မိုင်းများထိမှန်သွားခြင်းဖြစ်သည်။

” အသင့်ပြင်ထားတဲ့ မိုင်းကွင်းထဲမှာ တစ်စုတစ်စည်းထဲ သောက်စားနေချိန်မှာ ရှစ်လုံးတွဲ ပဒေသာမိုင်း နဲ့ ကျွေးမွေးဧည့်ခံလိုက်တာပါ ၊ လူနာယာဥ် များ နှင့် ဆေးရုံ တွေက ထွက်ချက်အရ ၂ဝ ရဲ့ အထက်မှာ အသေဆုံး ရှိပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများကြီး ရှိတယ်လို့ ” KALAY UGF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကလေးမြို့နယ်တွင်း စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းမှူ များကြောင့် နတ်ချောင်း ၊နတ်မြောက် နှင့် သာစည် ကျေးရွာ မှ ဒေသခံ ပြည်သူ ထောင်နှင့်ချီ၍ စစ်ရှောင်နေရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s