မုံရွာမြို့နယ်တွင် ပျူးစောထီးခေါင်းဆောင်ဟု နာမည်ထွက်နေသူ၏နေအိမ်မှ အဝေးကြည့် မှန်ဘီလူး ၁ လက်နှင့် ခါးပတ် ၆ ခု သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မရိုးတောမြောက်ရွာတွင်နေထိုင်သော စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်ဟုအမည်ခံထားသူ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အဝေးကြည့်မှန်ဘီလူး တစ် လက်နှင့် ခါးပတ်ခြောက်ခု သိမ်းဆည်းရမိကြောင်း Aung San Generation Monywa အဖွဲ့မှ ယနေ့ဇွန်လ ၂၁ ရက် နေ့တွင် ထုတ်ပြန်သည်။

“ကျနော်တို့ သတင်းရရချင်း သွားဖမ်းတာကို မမိလိုက်တာ။ စစ်ကောင်စီတပ်က ထောက်ပံ့ထားတဲ့ ပစ္စည်း တွေပဲ သိမ်းမိလိုက်တာ” ဟု Aung San Generation Monywa တာဝန်ရှိသူက ပြောသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်က ခိုင်လုံသောသတင်းရမှုကြောင့် ပျူစောထီးခေါင်းဆောင် ဦးမျိုးတင့်ဆိုသူ၏အိမ်သို့ ဖမ်းဆီးရန်သွား ရောက်စဉ် ကာကွယ်ရေးတပ်ဖွဲ့များမရောက်မီ လက်နက်များ နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့မှ ခွံထိုး(လက်လုပ်သေနတ်) လေးလက်၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ တပ်စိတ် တစ်စိတ်စာလူအင်အားဖြင့် သွားရောက်ခဲ့ပြီး ၃၀ မိနစ်ခန့် ရှာဖွေမှုပြုလုပ်ပြီး ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

မရိုးတောရွာအား စစ်ကောင်စီမှ ပျူစောထီးရွာအဖြစ်သတ်မှတ်ရန်စီစဉ်နေကြောင်း ဦးမျိုးတင့်ဆိုသူ ခေါင်းဆောင်ပြီး နောက်လိုက် ၁၀ ဦးခန့်နှင့်အတူ စစ်သင်တန်းများတက်ရောက်ခဲ့ကြပြီး လက်နက်များ လည်းတပ်ဆင်ပေးထားကြောင်း ဆိုသည်။

ပျူစောထီးဆိုသူများသည် အနီးရှိကျေးရွာများကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများလည်း ရှိကြောင်း သိရသည်။

Aung San Generation Monywa အနေဖြင့် လက်နက်အင်အားမပြည်စုံသော်လည်း ပြည်သူများအား နည်းပေါင်းစုံဖြင့် ဒုက္ခပေးနေသောမည်သည့်အဖွဲ့မဆို မျှတမှုရှိရှိဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

Aung San Generation Monywa ၏ ပထမအကြိမ်အခြေခံစစ်သင်တန်းကို ၂၂ ရက်ကြာ သင်ကြား ပေးခဲ့ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့ကပြုလုပ်ခဲ့ပြီး သင်တန်းသား ၃၆ ဦး တက်ရောက် စစ်ပညာသင်ယူခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s