လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ယမန်နေ့ဇွန်လ ၂၀ရက်နေ့ည ၁၀နာရီအချိန်ခန့်က ရပ်ကွက် (၁၂)တွင် ပစ်ခတ်ခံရ၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မြို့ခံထံမှ သိရသည်။
သေဆုံးသွားသည့် ၎င်းတို့နှစ်ဦးကို လားရှိုးမြို့ရှိ ပရဟိတအသင်းက သွားရောက်သယ်ဆောင်ပြီး စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။
ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းတစ်ဦးနှင့် တပ်သားတစ်ဦးတို့ သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက် မရသေးပေ။
၎င်းတို့ နှစ်ဦးကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကိုလည်း မသိရသေးဘဲ ပစ်ခတ်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များလည်း မတွေ့ရသေးပေ။ mizzima