သာစည်မြို့နယ် ငှက်ပျောတောကျေးရွာအား စစ်ကောင်စီတပ်ကလက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ် ခတ်၊ ပြည်သူ ၃ ဦး ဖမ်းဆီးခံရပြီး နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရ

မန္တလေးတိုင်း သာစည်မြို့နယ်၊ ငှက်ပျောတောကျေးရွာအား အကြမ်းဖက်စစ်ကောင်တပ်စီမှ ဇွန်လ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် လက် နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်ပြီး ပြည်သူသုံးဦးအား ဖမ်းဆီး ခေါ် ဆောင်သွားသည်ဟု သိရသည်။
သာစည်မြိုန့ယ် ငှက်ပျောတောရွာ၏ အနောက်ဘက်တောင်ပေါ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီးနောက် စစ်ကားများရောက် ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောထဲတွင်တွေ့သော ရွာသူရွာသားများကိုခေါ်ဆောင်ကာ ရွာခံသုံးဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့နောက် ငှက်ပျောတောရွာရှိ ကိုထိန်လင်း၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား(၄၀)ကျော်ခန့် ဖြင့် မီးရှို့ဖျက်ဆီးနေစဉ် စစ်အင်အား (၃၀)ဦးခန့်ထပ်မံရောက်ရှိလာကြောင်း သိရသည်။
ငှက်ပျောတောရွာတွင် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ဦးအောင်ခိုင်၏ နေအိမ်ကိုမီးရှို့ဖျက် ဆီးခဲ့ပြီးနောက် ယခု ဇွန်လ ၂၀ တွင် ဦးအောင်ခိုင်၏ သားဖြစ်သူ ကိုထိန်လင်း၏နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။
“ အကြမ်းဖက်စစ်တပ်ရဲ့ ရွာကိုစီးနင်းမှုမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဒလန်အကြီးစားဝင်းမြင့်ဆိုတဲ့ သူပါလာသလို ရွာကလမ်းနဲ့အိမ်တွေအားလုံးကို တပ်အပ်သိနေတဲ့အတွက် ရွာထဲမှာဒလန်ရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရွာအနောက်ဘက်တောင်ပေါ်မှ ကြားရသော လက်နက်ကြီးသံများ၊ တောထဲသို့ မှိုရှာမျှစ်ရှာထင်းခွေသွား ကြသော ရွာသူရွာသားများကို ဖမ်းခေါ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဒေသခံများ ထိတ်လန့်ကြောက်ရွံ့နေကြသည်ဟု သိရသည်။ mizzima