ကလေးမြို့တောင်ပိုင်းတွင် PDF ပူးပေါင်းတပ်များနှင့် စစ်တပ် အကြား ၅နာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဝင် ၁၀ ဦးထက် မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ဟဲလုပ်ကျေးရွာအနီးတွင် အကြမ်း ဖက် စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ကို PDF ပူးပေါင်းတပ်များက ယနေ့ ခြုံခိုတိုက်ခိုက်ခံခဲ့ရရာ စစ်တပ်ဘက်မှ ၁၀ ဦးကျော်ထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Chin land Defense Force (Kalay Kabaw Gangaw) က သတင်းထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်မှ မွန်းလွဲ ၃ နာရီကျော် အထိ တိုက်ပွဲအချိန်ကြာမြင့်ခဲ့ပြီး ပြည်သူတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ CDF -KKG တပ်ရင်း (၃)၊ PDF Kalay ၊ Vakok/NA(CNDF) ၊ RKDF၊ ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဝင် ၁၀ ဦးထက် မနည်းသေကာ အများ အပြား ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/ NA (CNDF) ရဲဘော်နှစ်ဦး၊ PDF Kalay ရဲဘော်တစ်ဦး ၊ စုစုပေါင်း လေးဦး ဒဏ်ရာ ရရှိခဲ့ပြီး PDF Kalay မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Chinland Defense Force (Kalay Kabaw Gangaw) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ khit thit