ကောလင်းတွင် ဖမ်းဆီးရမိသော မူးယစ်ဆေး ဝါးများကို ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို အများပြည်သူအရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Kawlin Revolution အဖွဲ့ထံမှ သိရှိရသည်။

NUG က တရားဝင်ဖွဲ့စည်းပေးထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ လဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက ဖမ်းဆီးရမိခဲ့သော ဆပ်ပြာခွက် ၁၂၈ ခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသည့် မူးယစ်ဆေးဝါးများကို ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s