ခင်ဦးတွင် ဒုရဲမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲနှင့် ပျူစောထီး ၁၄ ဦး လိုက်ပါ လာသော ဖောကား ပစ်ခတ်ခံရပြီး ၁၄ ဦးလုံးသေဆုံး


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ရွာ အနောက်ဘက် မူးချောင်း တံတား အနီး တွင် ခင်ဦးမြို့မှ ထွက်လာသော ဒုရဲမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲနှင့်ပျူစောထီး ၁၄ ဦးလိုက်ပါလာသော ဖောကား ယနေ့ နံနက်ပိုင်း ၁၁ နာရီတွင် ပစ်ခတ် တိုက် ခိုက်ခံရပြီး ကားပေါ်ပါသူ ၁၄ ဦးလုံး အားလုံး သေဆုံး သွား ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ များထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို N.L.G.R.F အဖွဲ့ ၊ရောင်နီပျောက်ကြားအဖွဲ့၊မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများက ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။khit thit