တော်လှန်ရေး အောင်မြင်မှုရှုံးနိမ့်မှုသည် ပြည် သူလူထုပူးပေါင်းမှုပေါ်တွင် မူတည်နေဟုဆို

တော်လှန်ရေး အောင်မြင်မှုရှုံးနိမ့်မှုသည် ပြည်သူလူထုပူးပေါင်းမှုအပေါ်တွင် များစွာမူတည်နေပြီး တော်လှန်ရေး၏ အကောင်းအဆိုးအကျိုး အမြတ်သည်လည်း ပြည်သူလူထုသာဖြစ်ကြောင်း နာဂပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ Naga People Defence Force မှ အဖွဲ့အစည်းတည် ထောင်ခြင်း (၁)နှစ်ပြည့်မြောက် သည့် ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ဖေဖော်ဝါရီလ(၁)ရက် ၂၀၂၁ ခုနှစ်တွင် စစ်တပ်သည် နိုင်ငံတော်အာဏာကိုမတရားသိမ်းခဲ့ပြီး စစ် အာဏာရှင်စနစ်အသက်သွင်းကာ ပြည်သူ လူထုအား မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို လုပ် ဆောင်ခဲ့သောကြောင့် စစ်တပ်အာဏာသိမ်းမှုကို လက်မခံသော နာဂလူငယ်တို့သည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် နာဂပြည်သူ့ကာကွယ်ရေးတပ် NPDF ကိုဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လုပ် ဆောင်လာခဲ့သည့်မှာ တစ်နှစ်ပြည်ပြီဖြစ်ကြောင်းဆိုသည်။
“အခုအချိန်အထိ စားဝတ်နေရေးကအစ ကိုယ်တိုင်ရုန်းကန်နေရပါတယ်။ လက်နက်ခဲယမ်း၊ ထောက်ပံ့ ကြေး၊ မြေအောက်လုပ်ငန်းများအတွက်လည်း အကန့်အသတ်ရှိတယ်။ လူသစ်လက်ခံဖို့ အခက်အခဲရှိနေ တယ်။ အခြေအနေအရ တပ်ဖွဲ့တွေဖြန့်ကျက်ထားနေရတယ် တစ်ခြား အဖွဲ့အစည်းတွေလို ဆယ်လီ မဟုတ်တော့ အပြင်ကအကူအညီအထောက်ပံ့အနေနဲ့ကမရဘူးဗျ။ ပုဂ္ဂိုလ်ရေးအချိတ်အဆက် နည်းနည်း နဲ့ လည်ပတ်နေရတယ်။ လိုအပ်နေတဲ့အရာတွေကို အပြည့်အဝမဟုတ်တောင် အမြန်ဆုံးထောက်ပံ့ စီစဉ် ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူ တွေကို တင်ပြတောင်းဆိုချင်ပါတယ်” ဟု NPDF ကာကွယ်ရေးတာဝန်ခံ ဗိုလ်လင်းယုန်က မဇ္စျိမကို ပြောသည်။
တောင်တန်းနှင့်မြေပြန့်ဒေသ လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြားနားမှုကလည်း ခေတ်လူငယ်များအား မျက်စိပိတ်နားပိတ်ဖြစ်စေသည့်အပြင် အစော်ကားခံထားရသည့်အတွက် အကြောက်တရားအောက်က ဖိအားများကို မတွန်းလှန်နိုင်ကြကြောင်းဆိုသည်။
လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး အတူတကွ လက်တွဲတွန်လှန်ပြီး ကိုယ် ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရန် အချိန်အခါကောင်းဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့အနေဖြင့် တိုင်းရင်းသားညီနောင်များနှင့်အတူလက် တွဲပြီး စစ်အာဏာရှင် အပြီးတိုင် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“အဖွဲ့အစည်းရပ်တည်နိုင်ရေး အတားအဆီးစိန်ခေါ်မှုများ ပေးဆပ်မှုများစွာနဲ့ ရုန်းကန်ခဲ့ ရပါတယ်။ တိုင်း ရင်းသားတွေရဲ့စိတ်ထဲမှာ အကြောက်တရားကို မွေးရာပါလိုဖြစ်အောင် စစ်ခွေးတွေက ပုံစံသွင်းခဲ့တယ်။ ပေါ်လစီမတူတဲ့ တခြားလက်နက်ကိုင်တွေရဲ့ ဖိအားပေးမှုတွေကြားက ရုန်းထွက်လာနိုင်ပြီး အခက်အခဲ တွေကို အတူရင်ဆိုင်ကျော်လွှားခဲ့ကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ရဲဖော်ရဲဖက်များဖြစ်ပါတယ်။ သူတို့ကို ဒီနေရာကနေ အလေးပြုပါတယ်” ကာကွယ်ရေးတာဝန်ခံ ဗိုလ်လင်းယုန်က ဆက်လက် ပြောဆိုသည်။
လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲများတွင် အောင်ပွဲများရရှိနေပြီး အနာဂါတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း ၂၀၂၁ ခုနှစ်ကို ပြည်သူ့ညီလာခံတွင် ရေးဆွဲအတည်ပြုပြဌာန်းပြီးဖြစ်ကြောင်နှင့် ၎င်း ကြေညာစာတမ်းသည် တိုင်းရင်းသားများတောင်းဆိုနေသော နိုင်ငံရေးလမ်းကြောင်းကို အခြေခံရေးဆွဲ ထားသော အ နာဂါတ်ပြည်ထောင်စုလမ်းပြမြေပုံဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြရန်လိုအပ်ပြီး တိုင်းရင်းသား ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု သည် အရေးတော်ပုံအောင်မြင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် အဓိကသော့ချက် ဖြစ်ကြောင်း ဖော်ပြထားသည်။
နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်စနစ်အပြစ်ဖြတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူ ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသော တိုင်ရင်းသားညီနောင် များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ချေမှုန်းရေးအတွက် အစဉ်တစိုက် ရပ်တည်ပွဲဝင်သွားမည်ဖြစ်ကြောင်း နာဂဒေသပြည်သူလူထုအနေဖြင့် ၎င်းတို့တပ်ဖွဲ့အား ထောက်ပံ့ပေးကြပါရန်နှင့် ပူးပေါင်းပါဝင်ဝင်ပေးကြပါရန် အထူးအလေးထားမေတ္တာရပ်ခံကြောင်း ထုတ် ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထား သည်။ mizzima