မအူပင်မြို့တွင် တပ်ထောက်ခံသူက NLD ပါ တီဝင်များအား လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်း ခြောက်နေဟုဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်တပ်ထောက်ခံသူတစ်ဦးက NLD ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ် စားလှယ်များကို ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

မအူပင်မြို့၊ အမှတ် (၆ ) ရပ်ကွက်၊ ခိုင်မာလာလမ်းနေ ဇေယျာဖြိုးဆိုသူက စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများ၏ လိုက်လံဖမ်းဆီးမှုကြောင့် တိမ်း ရှောင်နေသည့် သူများနှင့် ၎င်းတို့၏မိသားစုဝင်များကို လိုက်လံခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျွန်မက NLD ပါတီဝင်ဆိုတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံရမှာစိုးလို့ ရှောင်တိမ်းနေရတာပါ။အဲ့ဒါကို ဇေယျာဖြိုးဆိုတဲ့ Facebook အကောင့်နဲ့ကျွန်မကို လိုက်ပြီး ခြိမ်းခြောက်နေတယ်။အဲ့ဒီ ဇေယျာဖြိုးဆိုတဲ့လူက သတင်းပေး ဒလန်လုပ်နေတဲ့ လူလို့လည်း သိရတယ်”ဟု ခြိမ်းခြောက်ခံရသည့် အမျိုးသမီးက ဆိုသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် ” ခင်ဗျားလွတ်အောင်ပြေးထား ကိုယ့်အိမ်မှာကိုယ် မသေရတဲ့ဘဝဖြစ်ရမယ်။ ဗုံးခွဲမယ်ဆိုရင် ခင်ဗျားမွေးထားတဲ့ခွေးတွေလွှတ်လိုက် အချိန်မရွေးပဲ။ မောင်ကြီးခေါ် ဇေယျာလင်း အဲ့လမ်းကို ခင်ဗျားတို့လိုက်ရမယ်။ အိအိပြုံး၊ ဇော်မိုး၊ အေးသန်း၊မအူပင်မှာပြန်သေရမယ်ထင်လို့လား။ ခင်ဗျားအမေက ကျုပ်တို့အနောက်လမ်းမှာနေတာနော်။ ခင်ဗျားသား အကြီးကောင်လေးကိုလည်း လုံအောင်သိမ်းထ ား၊ လူတိုင်းအသက်တွေနဲ့ပဲနော်။ လူတိုင်းလက်ပါတယ်နော်”ဟု လူမူကွန်ရက် မက်ဆင်ဂျာကတစ်ဆင့် ပေးပို့ထားသည့်စာတွင် ရေးသားထားကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့ ညပိုင်းက သွေးသောက်အဖွဲ့အမည်ခံများသည် မအူပင်မြို့ပေါ်ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး နေ အိမ်အား ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့သေးသည်။

ယင်းအပြင် မေလ ၈ ရက်နေ့ ညပိုင်းတွင်လည်း အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သည့် ကိုဇော်ဝင်းမြင့်၏ နေအိမ်သို့ ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ အရပ်ဝတ်ဖြင့် လက်နက်ကိုင်လူလေးဦးက သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းများ ၊NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၏နေအိမ်ရှေ့တွင် သေနတ်ပစ်ဖောက်ခြင်းများကို သွေးသောက်အဖွဲ့အမည်ခံများက ပြုလုပ်ခဲ့သေးသည်ဟု ခြိမ်းခြောက်ခံရသည့် အမျိုးသမီးက ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ် နေအိမ်ကို မီးရှို့တာ၊ ကိုဇော်ဝင်းမြင့်ကို သေနတ်နဲ့ဝင်ပစ်တာတွေနဲ့ ဒေါ်အိအိပြုံးရဲ့ အိမ်ရှေ့မှာ သေနတ်ဖောက်တာတွေကိုလည်း အခုကျွန်မကို ခြိမ်းခြောက်စာပို့တဲ့

ဇေယျာဖြိုးဆိုတဲ့ လူကပဲ ဦးဆောင်ပြီး လုပ်ခဲ့တာလို့ သိရတယ်”ဟု ဆက်လက်ပြောသည်။

လက်ရှိတွင် ဒေသခံများသည် မအူပင်မြို့ပေါ်နေ သွေးသောက်အဖွဲ့အမည်ခံများ၏ လုပ်ရပ်များကြောင့် စိုးရိမ်မှုများရှိနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက သွေးသောက်အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးခြင်း တစ်စုံတစ်ရာမရှိဘဲ လျစ်လျူရှုထားကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s