မိုင်းစမ်းသပ်စဉ် ပေါက်ကွဲမှုဖြစ်၍ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မိုင်းအဆင့်မြှင့်တင်ရန် စမ်းသပ်မှုပြုလုပ်ရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး ဇွန်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့် အချိန်တွင် ကျဆုံးခဲ့ရကြောင်း DGRF အဖွဲ့မှ ထုတ်ပြန်သည်။

မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် အသက်ပေးဆပ်ခဲ့ရသူမှာ Dawei Guerrilla Revolutionary Force – DGRF (ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့) မှ ဖောက်ခွဲရေးတပ်သား အသက် ၃၆ နှစ်ရှိ ရဲဘော် ကိုမျိုးဖြစ်သည်ဟု သိရသည်။

ကျဆုံးမှုနှင့်ပတ်သက်ပြီး နိုင်ငံနှင့်လူမျိုးအတွက် မွန်မြတ်စွာအသက်ပေးလှူခဲ့သော ရဲဘော်ကိုမျိုးအား အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ ယခုအချိန်ထိ တော်လှန်ရေးကာလအတွင်း DGRF အဖွဲ့မှ ရဲဘော် သုံးဦးအထိကျဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force – DGRF (ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့) မှ ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s