လောင်းလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးနှိပ်စက်မှုကြောင့် အမျိုးသမီးတဦး သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝဗျောကျေးရွာနေ အသက် ၄၉ နှစ်အရွယ်ရှိ ဒေါ်ခင်ချို (ခ) မယ်ချိုဆိုသူ အမျိုးသမီးတဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စရဖတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပါဝင်တဲ့ ကားသုံးစီးဟာ ဇွန် ၂၁ ရက်၊ ည ၁၀ နာရီခွဲလောက်က ဝဗျောကျေး ရွာအတွင်းရှိ နေအိမ်သုံးလုံးကို သေနတ်ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေါ်ခင်ချိုကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇွန် ၂၂ ရက်၊ မနက် ၂ နာရီလောက်မှာတော့ သေနတ်ဒဏ်ရာတချက်အပြင် ဓားဒဏ်ရာ၊ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီဖြစ်တဲ့ ဒေါ်ခင်ချိုရဲ့ ရုပ်အလောင်းကို နေအိမ်ရှေ့မှာ လာရောက်စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။

ရွာခံလူငယ်တဦးက “လက်တွေကို ဓားတွေနဲ့လှီးထားတာ၊ လက်သန်းတချောင်းကိုလည်း ဖြတ်ပစ်ထားတယ်၊ မျက်နှာမှာလည်း သေနတ်ဒင်နဲ့ထုထားတဲ့ ဒဏ်ရာတွေ လက်ဖဝါးရာတွေပါ ထင်နေတာ” လို့ ပြောပါတယ်။

ဒေါ်ခင်ချိုဟာ သာမန်အရပ်သား ပြည်သူတဦးဖြစ်ပြီး ဘာအတွက်ကြောင့် အခုလို ဖမ်းဆီးသတ်ဖြတ်တာလဲ ဆိုတာကိုတော့ အသေးစိတ် အ တည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကတော့ လောင်းလုံးမြို့နယ်အတွင်း ဇွန် ၁၆ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိကာ နေအိမ်တလုံးလည်း မီးလောင်ပျက် စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s