သထုံမြို့နယ်၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးမှာ ဇွန် ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ သထုံမြို့နယ်ထဲကို မောင်းနှင်လာတဲ့ ကား ၆ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု (TPDF) နဲ့ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ (ပကဖ) ပူးပေါင်းအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံပြီးနောက် KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TPDF တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

ဇွန် ၂၀ ရက်ကလည်း သထုံမြို့နယ် ဓနုအခြေစိုက် ၄၀၂  အမြောက်တပ်က တပ်သား ထွန်းထွန်းဟာ တပ်မဟာ ၁ အခြေစိုက် KNLA ပူးပေါင်းအဖွဲ့ထံ လာရောက် အလင်းဝင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်သား ထွန်းထွန်း လာရောက်အလင်းဝင်စဉ် MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ချပ်၊ ကျည် ၁၂၀ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး ပါရှိပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် စစ်ရေး ဆက်လက်တင်းမာနေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s