သထုံအခြေစိုက် အမတ ၄၀၂ တပ်ရင်းမှ တပ် သား ထွန်းထွန်း လက်နက်နှင့်တကွ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၄၀၂ အမြှောက်တပ်ရင်းမှ တပ်သား ထွန်းထွန်းသည် ဇွန်လ ၂၀ ရက်၌ သထုံခရိုင် PDF တပ်ရင်း ၂ ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

တပ်သားထွန်းထွန်းသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သထုံခရိုင် PDF တပ်ရင်း ၂ ထံမှ သိရှိရသည်။

KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ KNLA PDF ပူးပေါင်းတပ်ဖွဲ့ထံ ယခုရက်ပိုင်းအတွင်း အလင်းဝင်လာသူ စစ်ကောင်စီမှ တပ်သား ၂ ဦး ရှိပြီဖြစ်ကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

သထုံအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၁ ခုမှ တပ်သား ၆ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးရာတွင် ၁ ဦးမှာ ပြန်လည် ဖမ်းဆီးခံရပြီး ပစ်သတ်ခံလိုက်ရကြောင်း သထုံခရိုင် PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s