ဧရာဝတီ၊ ချင်းတွင်းနှင့် ဒုဋ္ဌဝတီ မြစ်ရေကြီးနိုင်

အခု ဇွန်လနောက်ဆုံးပတ်ထဲမှာ မြစ်ရေတွေဟာ လက်ရှိရေမှတ်တွေထက် ၅ ပေလောက်အထိ မြင့်တက်လာနိုင်ပြီး ဧရာဝတီမြစ်ရေဟာ မနေ့ညနေက ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ရောက်ခဲ့တယ်လို့  မိုးဇလဌာနက  ထုတ်ပြန်ပါတယ်။

ဒီ ၁၀ ရက်အတွင်းမှာ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူနဲ့ ကသာမြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၂ ပေကနေ ၄ ပေလောက်အထိ လက်ရှိရေမှတ်တွေရဲ့အထက်ကို မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ချင်းတွင်းမြစ်ရေကတော့ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၂ ပေကနေ ၅ ပေလောက်အထိ အခုရောက်နေတဲ့ ရေမှတ်တွေရဲ့အထက်ကို တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၁ ပေလောက်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ပေထက်ကနေ ၃ ပေလောက်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၂ ပေလောက်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်အထိ၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်အထိ၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ၁ ပေခွဲလောက်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၂ ပေလောက်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ ၂ ပေကနေ ၅ ပေလောက်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ ၁ ပေလောက်၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၂ ပေလောက်အထိ လက်ရှိရေမှတ်တွေအထက်ကို မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဧရာဝတီမြစ်ရေဟာ ဇွန် ၂၁ ရက် ညနေ ၆ နာရီခွဲအချိန်က ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မအထိကျော်လွန်ခဲ့ပြီး ဒီနေ့ ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ စိုးရိမ်ရေမှတ်အောက်ကို ပြန်ရောက်သွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s