KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်

မြစ်ကြီးနားမြို့နယ် မြို့မရဲစခန်းက ကချင်အမျိုး သားကွန်ဂရက်ပါတီ (KNC)၏ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို မြစ်ကြီးနားမြို့နယ် တရားရုံးမှ စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှ ကွင်းလုံးကျွတ်လွှတ်ရန် ယနေ့ဇွန်လ ၂၂ နေ့ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီထံကနေ သိရသည်။

KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ယနေ့ ဇွန် လ ၂၂ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခံခဲ့ပြီးနောက်၊ အမှုမှကွင်း လုံးကျွတ် လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် မတ်လ ၂၃ နေ့ရက်က နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည့်အတွက် ထိုချမှတ်ခံထားရသည့် ထောင်ဒဏ် နှစ်နှစ်ကိုတော့ မြစ်ကြီးနားအကျဥ်းထောင်တွင် ဆက်လက် ကျခံရမည် ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခံထားရသည့် ဒေါက်တာ အမ်ကောန်လကို မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင်စွဲဆိုခံထားရသည့် အမှု ပုဒ်မ ၅၀၅-က ကို ဆက်လက် ရင်ဆိုင်ရန်အတွက် ပြီးခဲ့သည့် မေလ ၉ ရက် နေ့တွင် စစ်ကောင်စီ၏ အစီအစဥ်ဖြင့် နေပြည်တော်အကျဥ်းထောင်မှ မြစ်ကြီးနားအကျဥ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s