Monthly Archives: Jun 2022

ပွင့်ဖြူတိုက်ခိုက်ခံရမှုတွင် အသက်ရှင်လျက် အဖမ်းခံရသူ PDF သုံးဦးသေဆုံး

ယမန်နေ့ (ဇွန် ၂၂) က မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရစဉ် အသက်ရှင်လျက် အဖမ်းခံရသူ သုံးဦး သေဆုံးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူက ပြောသည်။

ဒေသခံ PDF အဖွဲ့ ဝင်၂၀ ကျော် လိုက်ပါလာသည့် မော်တော်ယာဉ်ကို ယမန်နေ့ နံနက်အစောပိုင်း၌ စစ်တပ်က ကြားဖြတ်တိုက်ခိုက်ရာတွင် PDF အဖွဲ့ဝင် ၉ ဦးသေဆုံးကာ ယာဉ်မောင်းနှင့် အခြား PDF နှစ်ဦး အသက်ရှင်လျက် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ 

ထိုအဖမ်းခံရသူ သုံးဦးစလုံး စစ်တပ်လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ပွင့်ဖြူ PDF တာဝန်ရှိသူ ဗိုလ်ကျားကြီးဆိုသူက ယနေ့ အ တည်ပြုသည်။

“အရှင်အဖမ်းခံရတဲ့ ၃ ယောက် ထပ်ကျသွားတယ်။ တစ်ယောက်ကိုတော့ ပစ်သတ်ပစ်လိုက်တာ။ ဒဏ်ရာပြင်းတဲ့ နှစ်ယောက်လည်း ကျသွားပြီ။ အလောင်းတွေ ပြန်မရဘူး။ သူတို့ဘာသာသူတို့ သင်္ဂြိုဟ်လိုက်တယ်” ဟု ၎င်းက ပြောသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပွင့်ဖြူမြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသော သရက်နှင့် ကံမမြို့နယ်မှ PDF အဖွဲ့ဝင် ၂၀ ကျော်မှာ လက် နက်ခဲယမ်းများ သယ်ဆောင်လာစဉ် ပွင့်ဖြူမြို့တောင်ဘက် ၁၈ မိုင်အကွာ မဲဇလီနှင့် ဆည်တော်ရွာကြား ချောင်းတံတားပေါ်တွင် စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် စောင့်ကြို တိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းရရှိခဲ့သော ဒဏ်ရာများကို ဆေးကုသခွင့်မရဘဲ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားသလို ယာဉ်မောင်းအမျိုးသားမှာလည်း ပစ်သတ်ခံလိုက်ရကြောင်း ယမန်နေ့ ညပိုင်းတွင် သိရှိရသည်ဟု ဗိုလ်ကျားကြီးက ပြောသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပွင့်ဖြူမြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသော သရက်နှင့် ကံမမြို့နယ်မှ PDF အဖွဲ့ဝင် ၂၀ ကျော်မှာ လက် နက်ခဲယမ်းများ သယ်ဆောင်လာစဉ် ပွင့်ဖြူမြို့တောင်ဘက် ၁၈ မိုင်အကွာ မဲဇလီနှင့် ဆည်တော်ရွာကြား ချောင်းတံတားပေါ်တွင် စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် စောင့်ကြို တိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းရရှိခဲ့သော ဒဏ်ရာများကို ဆေးကုသခွင့်မရဘဲ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားသလို ယာဉ်မောင်းအမျိုးသားမှာလည်း ပစ်သတ်ခံလိုက်ရကြောင်း ယမန်နေ့ ညပိုင်းတွင် သိရှိရသည်ဟု ဗိုလ်ကျားကြီးက ပြောသည်။

“နှစ်ယောက်က ဒဏ်ရာပြင်းထန်ရထားတာ။ ဆေးကုသမှု မရလိုက်ဘဲ သေသွားတယ်။ လုံးဝ ဒဏ်ရာမရဘဲနဲ့ အကောင်းပကတိနဲ့လူက ပစ်သတ်ခံလိုက်ရပြီ။ ဗီဒီယိုင်ဖိုင်ထဲမှာပါတဲ့ အင်္ကျီချွတ်နဲ့လူ” 

“သူတို့ (စစ်တပ်) က ကြိုးဖြေပေးပြီး ပြေးတဲ့အချိန် ပစ်သတ်လိုက်တယ်လို့ ကြားတယ်”

ကြားဖြတ်တိုက်ခိုက်ခံရသည့် မဲဇလီတံတားနှင့် သုံးဖာလုံခန့်သာ ဝေးသော ဆည်တော်ရွာသင်္ချိုင်းတွင် သေဆုံးခဲ့သော PDF အဖွဲ့ဝင်အားလုံးကို စစ်တပ်က မီးရှို့လိုက်သည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့က လူမှုကွန်ရက်ပေါ် ရောက်လာသော ရုပ်သံမှတ်တမ်းတစ်ခုတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော ရုပ်အလောင်းများဘေးတွင် အင်္ကျီချွတ်လျက်အနေအထားဖြင့် အမျိုးသားတစ်ဦး နောက်ပြန်ကြိုးတုပ်ခံထားရပြီး အခြားသူနှစ်ဦးကိုလည်း မြေပြင်တွင် မှောက်လျက်အနေအထားဖြင့် တွေ့ရသည်။

ယမန်နေ့က မဲဇလီတံတားပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားရှေ့ခန်းမှ သုံးဦးကို အောက်သို့ ဆင်းခိုင်းခဲ့ကြောင်း၊ စစ်သားနှစ်ဦးက ကားနောက်ခန်းကို တက်ကြည့်ချိန်တွင် စတင်ပစ်ခတ်ကြကြောင်း ဗိုလ်ကျားကြီးက ပြောသည်။

“ကားရှေ့ခေါင်းထဲမှာပါတဲ့ သုံးယောက်ကို ဆင်းခိုင်းလို့ ဆင်းနေတဲ့အချိန်မှာ နောက်ကနေလည်း စစ်ခွေးနှစ်ကောင် တက်လာတာတဲ့ အတက်မှာ စပစ်ကြတာ။ ကားပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပေါက်ကွဲပြီး အခုလို အကျအဆုံးတွေ များသွားတာ” ဟု ၎င်းက ပြောသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်စဉ် တပ်ဖွဲ့ဝင်အချို့း ပြန်လည်လွတ်မြောက်ခဲ့သည်ဟုလည်း ဗိုလ်ကျားကြီးထံမှ သိရသည်။ အရေအတွက် အတိအ ကျကိုမူ လုံခြုံရေးအရ မပြောနိုင်သေးဟု ၎င်းကဆိုသည်။ 

“မနေ့က (တိုက်ပွဲထဲ) ကျသွားတဲ့ ၉ ယောက်ထဲက ၆ ယောက်ပဲ ကိုယ်လက်အင်္ဂါအစုံပါတော့တယ်။ သုံးယောက်က အင်္ဂါမစုံတော့ဘူး။ ခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်နဲ့ ခါးပြတ်တာတွေနဲ့။ ဘယ်သူဘယ်ဝါတွေလဲဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ” 

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က လက်နက်ခဲယမ်းများပါသည့်ကားကို သေနတ်များဖြင့် တရစပ် ပစ်ခတ်ရင်း ကားပေါ်သို့ မိုင်းတစ်လုံးဖောက်ခွဲလိုက်ရာ အသင့်ပါလာသည့် ပစ္စည်းများပါ ဆက်လက် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူတစ်ဦးထံမှ သိရကြောင်း သရက် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရဲဘော်တွေက ကားပေါ်ကနေ ခေါင်းဖော်ပြီး ပြန်ပစ်ဖို့ မဖြစ်နိုင်တော့ဘူး။ (စစ်သားတွေက) ဝိုင်းပစ်ပြီး မိုင်းတစ်လုံးပစ်ထည့်လိုက် တာ။ အထဲက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက ထကွဲတယ်။ ကျွန်တော်တို့ရဲဘော်တွေက ပြန်ပစ်ချိန် မရှိလိုက်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်တပ်က လွတ်မြောက်သွားသည့် PDF တပ်ဖွဲ့ဝင်များကို တောနင်းရှာဖွေလျက်ရှိသည်ဟု သိရသည်။ myanmar now

ခင်ဦးနယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၁၅ ဦး ဝန်းကျင် သေဆုံးသည့်အပြင် နွားအကန်ခံရ၍ စစ်ကောင်စီ၏ ၂ ပွင့်ဗိုလ် သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက်ခြမ်း ပျဉ်ထောင်ကျေးရွာ မိုးကောင်းဘုရား အဆင်းလမ်းတွင် ဇွန်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးနိုင်ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှာမူ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်တစ်ဦးထံက သိရသည်။

” ကံသစ်ကျေးရွာဘက်မှာ ၁၄ ဦးသေတယ်ဆိုတဲ့ ဆီကို စစ်ကူသွားတဲ့ စစ်ကောင်စီ တပ်သား ၅ဝ လောက်ကို ပဒေသာမိုင်း ၊ ရှေ့ထွက်မိုင်းတွေ နဲ့ ထိထိရောက်ရောက် ဖောက်ခွဲလိုက်နိုင်ခဲ့တာဗျ။ သူတို့က အသေကောင်တွေ နဲ့ ဒဏ်ရာရသူတွေကို ပစ်ထားခဲ့ပြီး ရှေ့ကို ဆက်တတ်တာဗျ ။ နောက်မှ ဆိုက်တွဲနဲ့ တစ်စီး တိုက်လာခေါ်သွားတာ” ဟု ခင်ဦး PDF ရဲဘော် ကိုကုလားက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က ခင်ဦးမြို့နယ် မြကန်ကျေးရွာ အရှေ့ဘက်တွင် လွှတ်ထားသော နွားသိုး တစ်ကောင်အား စစ်ကောင်စီ၏ နှစ်ပွင့်ဗိုလ်တစ်ဦးက သွားရောက် ပွတ်သပ်ခဲ့သည်။ ထိုသို့ ပွတ်သပ်နေစဉ် ၎င်း၏ ငယ်ပါကို နွားသိုးက ထိထိမိမိ ကန်မိ၍ လူနာတင်ယာဉ်ပေါ်တွင်ပင် အသက်ထွက်သွားကြောင်း လူနာယာဉ်ပေါ်တွင် ပါသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တွင် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကံသစ်ကျေးရွာနေ ကိုးတန်းကျောင်းသား တစ်ဦး နှင့် မူးသာကျေးရွာနေ မိသားစု သုံးဦး လက်နက်ကြီး ထိမှန်၍ ဆေးရုံတင်ထားရကြောင်း ဒေသခံများထံက သိရသည်။ mizzima

ကလေး-တမူး လမ်းမ ရန်လင်းဖိုင်ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ကို တမူး PDF တပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်၊ ကား ၂ စီးပျက်စီး စစ်သား သေဆုံးမှု ရှိနိုင်

အများပြည်သူပိုင် မှန်လုံကားများကို ချောဆွဲကာ ကလေး-ခမ်းပတ်-တမူး အာရှလမ်းအတိုင်း တမူးဘက်သို့ ဆက်လက်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ရန်လင်းဖိုင်ကျေးရွာနှင့် ခွန်မွန်းနွန်ကျေးရွာကြားတွင် ယနေ့ ဇွန်လ ၂၃ ရက် ညနေ ၅ နာရီ ၂၃ မိနစ်၌ တမူး PDF တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီး ပျက်စီးပြီး စစ်သား ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း တမူး PDF များထံမှ သိရှိရသည်။

“ပြည်သူတွေရဲ့ မှန်လုံကား၊ လိုင်းကား ၁၃ စီးကို စစ်သားတွေက ချောဆွဲလာတာ။ စစ်ကား ၁ စီးလည်း ပါတယ်၊ ၁ စီးမှာ ၂၀ လောက်ပါတယ်။ ရန်လင်းဖိုင်နဲ့ ခွန်မွန်းနွန်ကြားမှာ မိုင်း ၂ လုံးခွဲတာ၊ ကား ၂ စီး ထိတယ်၊ စစ်သား ထိခိုက်သေဆုံးမှု ရှိနိုင်တယ်၊ ကွင်းပြင်ကြီးမှာဆိုတော့ ကျနော်တို့ ချက်ချင်း ပြန်ဆုတ်လာတယ်” ဟု တမူး PDF တပ်ရင်း ၃ တပ်ဖွဲ့ဝင် ၁ ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့တွင် ခမ်းပတ်မြို့မှ ခြေလျင်ထွက်ခွာလာပြီး ရန်လင်းဖိုင်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးသော စစ်ကောင်စီတပ်ဖွဲ့ ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများဖြင့် တနေကုန် ပစ်ခတ်ကာ နယ်မြေရှင်းလင်းပြီး ပြည်သူပိုင်ကားများကို ချောဆွဲကာ တမူးဘက်သို့ ထွက်ခွာလာခြင်းဖြစ်သည်။

ယမန်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးတပ်ဖွဲ့များ တပ်စွဲထားသော တမူးမြို့နယ်၊ ပန်းသာကျေးရွာကို တမူး PDF တပ်ရင်း ၄ ခုနှင့် Special Task Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၅ ဦးထက်မနည်း‌သေဆုံးကြောင်း တမူး PDF တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားသည်။

ယနေ့ မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မကြာခဏ တိုက်ခိုက်မှုကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့အတွက် လက်နက်နှင့် လူအင်အား ဖြည့်တင်းသည့် တပ်ဖွဲ့ဖြစ်ကြောင်း တမူး PDF တပ်ရင်း ၃ တပ်ဖွဲ့ဝင်က ဆိုသည်။ khit thit

မန္တလေးတွင် အပြင်ထွက်သူတိုင်းအား စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ် စစ်ဆေးနေခြင်းကြောင့် မြို့လူထု အခက်အခဲဖြစ်နေ

မန္တလေးမြို့တွင် အပြင်ထွက်သူတိုင်းအား နိုင်ငံသားစိစစ်ရေးကတ်ပြားယူဆောင်လာခြင်း ရှိ၊ မရှိ စစ်ကောင်စီက လှည့်လည်စစ်ဆေးနေခြင်းကြောင့် မြို့လူထု အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ယာဉ်မောင်းလိုင်စင်ပြတာ မရဘူး မှတ်ပုံတင်ရောပါလာလားတဲ့။ နောက်ရက် မှတ်ပုံတင်မပါရင် အရေး ယူမယ် ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်ဆိုပြီး လွှတ်ပေးလိုက်တာ။ နာမည်နေရပ်လိပ်စာတော့ ပြောခဲ့ရတယ် နောက်ရက်ဘယ်လိုဖြတ်သန်းရမယ်မသိဘူး။ မှတ်ပုံတင်ကပျောက်လို့ ပြန်မလုပ်နိုင်သေး တာကြာပြီ” ဟု မြို့တွင်းသို့ နေ့စဉ်အလုပ်ဆင်းတက်ပြုလုပ်နေရသည့် မြို့ခံတစ်ဦးကပြောသည်။

ယာဉ်ထိန်းရဲ၊ ရဲနှင့် စစ်သားများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ပိုင်းမှစပြီး ကျုံးပတ်လည်နှင့် မြို့တွင်း၌ Mobile စနစ်ဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“လူတွေကို အနေမခက်ခက်အောင် တမင်လုပ်နေတာလို့ပဲမြင်တယ်။ အာဏာသိမ်းခံရပြီးကတည်းက စီးပွားရေးကျပ်တည်းခဲ့သလို အခုကျတော့ နေထိုင်သွားလာမှုပါ ခက်ကုန်ကြပြီ။ ဒါက လူတွေကို အပြင် မထွက်ရဲအောင်လုပ်တဲ့သဘောပါပဲ။ တစ်ဘက်ကကြည့်ရင်တော့လည်း သူတို့အုပ်ချုပ်လို့မရသေးဘူးဆို တာ ဒါကသက်သေပဲ။ ပြည်သူတွေကတော့ စစ်တပ်လက်အောက်မှာ မွန်းကျပ်နေတာတော့အမှန်ပဲ” ဟု စာပေ လောကသား မြို့ခံသတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုသည်။

မန္တလေးမြို့တွင် ယနေ့(ဇွန် ၂၃ ရက်)ကစ၍၊ အပြင်ထွက်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်တစ်ပါတည်း ယူဆောင်ကြရန်အပါအဝင်၊ မော် တော်ဆိုင်ကယ်နှစ်ယောက်မစီးရန်၊ မော်တော်ယာဉ်မောင်းနှင်စီးနင်း သူတိုင်း ခါးပတ် ပတ်ကြရန် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ယမန်နေ့ညက လှည့်လည်ကြေညာခဲ့ သည်။ mizzima

Khit Thit သတင်းဌာနက ဖော်ပြခဲ့သည့် ပွင့်ဖြူရဲစခန်း လျှို့ဝှက်ကြေးနန်းစာ ပေါက်ကြားမှု ရဲမြို့နယ်မှူး ဝင်းဦး အပါအဝင် စခန်းတစ်ခုလုံး စစ်ဆေးခံနေရ ၊ PDF များ သတ်ဖြတ်သူ ဗိုလ်မှူးမင်းပိုင်စိုး တပ်ထဲမှ အပြင်မထွက်တော့

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ဖြစ်ပွားခဲ့သော PDF များလိုက်ပါသော ဖောကားကို စစ်တပ်က ကြားဖြတ်တိုက် ခိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပွင့်ဖြူမြို့နယ်ရဲစခန်းက ခရိုင်ရဲတပ်ဖွဲ့ ထံ အကြောင်း ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး ပွင့်ဖြူရဲ စခန်း တစ်ခုလုံးကို ဒုတိယရဲမှူးကြီး ဦးဆောင် သော အဖွဲ့တစ်ခုက လာရောက် စစ် ဆေးနေကြောင်း သိရှိရသည်။

ဇွန်လ ၂၂ ရက်နေ့၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကြိုးတံတားတွင် PDF များ လိုက်ပါ သော ဖောကားကို စစ်တပ်က ကြားဖြတ်တိုက်ခိုက်ရာမှ PDF ၁၂ ဦးကျဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရမိကြောင်း၊ ယင်းဖြစ်စဉ်ကို ပွင့်ဖြူ ရဲစခန်းက ခရိုင်ရဲတပ်ဖွဲ့ထံ အကြောင်းကြားသည့် လျှို့ဝှက် ကြေးနန်း အ ကြောင်း ကြားစာကို Khit Thit သတင်းဌာန က ဖြစ်စဉ် ဖြစ်ပွားအပြီး ၂ နာရီ ကျော် အတွင်း ဖော်ပြခဲ့ကြောင်း၊ ယင်းသို့ ဖော်ပြသည့်အတွက် စစ်ကြောင်းမှူး ဗိုလ်မှူး မင်းပိုင်စိုး၏ အမည်ပေါက်ကြားခြင်း၊ ဖြစ်စဉ် သတင်းများ ပေါက် ကြား သည့်အတွက် နောက်ဆက်တွဲ လုပ်ငန်းများ ရပ်ဆိုင်သွားခြင်း စသည့် သက် ရောက်မှုများ ရှိလာသည့်အတွက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ခရိုင်ရဲမှူးအဖွဲ့ လာပြီး မနေ့ညနေပိုင်းမှာ ရဲကြေးနန်းစာ ပေါက်ကြားလို့ လာ စစ်နေတယ်။ စခန်းတစ်ခုလုံးကို ဖမ်းတာတော့ မဟုတ်ဘူး ။ တစ်ဦးချင်းစီ စစ်တယ်။ ဖုန်းတွေစစ်တယ်။ ဒီနေ့လည်း စစ်တယ်။ မနက်ဖြန်လည်း စစ်ဦး မယ်ထင်တယ်။ ရဲစခန်းကိုတော့ ခြံစည်းရိုး နှစ်ထပ်ကာထားတယ်” ဟု ပွင့်ဖြူ မြို့နယ်မှ သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ဆေးခံရသူများတွင် ပွင့်ဖြူ ရဲမှူး၊ စခန်းမှူး၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ လ၀က ဦးစီးမှူး၊ ထွေ/အုပ်ဦးစီးမှူးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့လည်း ပါဝင် ကြောင်း သိရှိရသည်။

ထို့ပြင် PDF များကို သတ်ဖြတ်ရာတွင် ဦးဆောင်သူ ပွင့်ဖြူမြို့နယ် ဝါစိုက် ပျိုးရေးတပ်(၀စရတပ်) မှ ဗိုလ်မှူးမင်းပိုင်စိုးသည် တပ်ပြင်မထွက်တော့ဘဲ တပ်ထဲတွင်သာ နေထိုင်တော့ကြောင်း သိရှိရသည်။

“အရင်ကဆိုရင် ကားအပြာလေး မြို့ထဲပတ်နေတာ မင်းပိုင်စိုးက။ အခုတော့ မအလက အပြင်ကိုမထွက်တော့ဘူး။ ညတောင် အိပ်ပျော်ပါ့မလားပဲ” ဟု သတင်းရင်းမြစ်က အခြေအနေကို ရှင်းပြသည်။ khit thit

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင်ကွယ်လွန်

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SAA) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးစိုင်းသန်းအောင် ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ညပိုင်းက ကွယ်လွန်သွားကြောင်းသိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ စိုင်းသန်းအောင် သေဆုံးသည်မှာမှန်ကန်ပြီး မည်သည့်အကြောင်းအရင်းကြောင့်သေဆုံးသည်ကိုမူမသိရသေးကြောင်း SSPP အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက​ပြောသည်။

“စိုင်းသန်းအောင်ဆုံးတာမှန်ပါတယ်၊မနေ့ညကဆုံးတာပေါ့၊ အသေးစိတ်အကြောင်းအရာကိုတော့ ကျွန်တော်တို့လဲမသိရသေးဘူး”ဟုပြောပါသည်။

ဗိုလ်မှူးစိုင်းသန်းအောင်သေဆုံးရခြင်းမှာ ပစ်ခတ်ခံရခြင်းကြောင့်ဟု ပြောဆိုနေမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် စိုင်းသနိးအောင်၏ရုပ်အလောင်းကို SSPP ဌာနချုပ်ရှိရာ ဝမ်ဟိုင်းတွင်ထားရှိသည်ဟုသိရသည်။ mizzima

၂ လကျော်အတွင်း ပဲမျိုးစုံတန်ချိန် ၃ သိန်း ၉ သောင်းကျော် တင်ပို့ထား

အခုဘဏ္ဍာနှစ် ၂ လကျော် ကာလအတွင်း ပြည်ပကို ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၃ သိန်း ၉ သောင်း ကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှု စာရင်းတွေအရ   သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွင်း ပြည်ပ ပဲမျိုးစုံတင်ပို့မှုမှာ ပင်လယ်ရေကြောင်းကနေ တင်ပို့မှုက တန်ချိန် ၃ သိန်းကျော်ထိရှိပြီး စုစုပေါင်း တင်ပို့မူရဲ့ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ထိရှိပါတယ်။ နယ်စပ်လမ်းကြောင်းကနေ တင်ပို့တဲ့ ပမာဏကတော့ တန်ချိန် ၈ သောင်းကျော်သာရှိပြီး ရာခိုင်နှုန်းအနေနဲ့  ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။

အဲဒီ ၂ လကျော်အတွင်း ပဲမျိုးစုံတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉၆ သန်းကျော် ရရှိထားတယ်လို့ အဲဒီဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပဲတီစိမ်းကို အများဆုံးတင်ပို့ထားတာဖြစ်ပြီး တန်ချိန် ၁ သိန်း ၉ သောင်းကျော်အထိ ရှိပါတယ်။ မတ်ပဲတင်ပို့မှုက တန်ချိန် ၇ သောင်းကျော်နဲ့ ပဲစဉ်းငုံတင်ပို့မှုကတော့ တန်ချိန် ၆ ထောင်ကျော် ရှိတယ်လို့ စီးပွား/ကူးသန်းရဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။

အခြားပို့ကုန်ပဲတွေဖြစ်တဲ့  မြေထောက်ပဲ တင်ပို့မှုက တန်ချိန် ၃ သောင်း ၃ ထောင် ကျော်၊ ပဲယင်း က တန်ချိန် ၂ သောင်းဝန်းကျင်၊ ထောပတ်ပဲက တန်ချိန် ၁ သောင်းခွဲကျော်၊ ကုလားပဲက တန်ချိန် ၁ သောင်း ၃ ထောင်ကျော်နဲ့ ပဲလွန်းဖြူ တန်ချိန် ၁ သောင်း ၃ ထောင်ကျော် အသီးသီးတင်ပို့မှု ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးသီးနှံတွေထဲမှာ ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုက ဒုတိယအများဆုံးဖြစ်ပါတယ်။ ပြည်တွင်း စိုက်ပျိုးမြေဧရိယာ ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတို့ကို အဓိက အများဆုံးစိုက်ပျိုးပါတယ်။

ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနဲ့ အခြားပဲမျိုးစုံကိုလည်း စိုက်ပျိုးထုတ်လုပ်နေပေမဲ့ အဆိုပါ ပဲသုံးမျိုး  စိုက်ပျိုးမှုက  ၇၂ ရာခိုင်နှုန်းထိ ရှိပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံကနေ ပဲမျိုးစုံဝယ်ယူတင်သွင်းမှု အများဆုံးဖြစ်ပြီး အိန္ဒိယအစိုးရက အခုနှစ်မှာ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းအပါအဝင် သူ့နိုင်ငံထွက်မိုးသီးနှံတွေရဲ့ အနိမ့်ဆုံးနှုန်းထားကို တိုးပေးကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဒီအတွက် ပြည်တွင်းမတ်ပဲဈေးတွေ မြင့်တက်နေပြီး လက်ရှိမှာ မတ်ပဲတတန်ကို ကျပ် ၁၆သိန်း ကျော်အထိ ရှိနေပါတယ်။ DVB

မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်များတွင် အိန္ဒိယနိုင်ငံက လုံခြုံရေး စစ်ဆေးမှုတင်းကျပ်

မြန်မာနှင့် အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်ယောင်လိန်းမြို့တွင် ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ အိန္ဒိယ စစ်သားများက လုံခြုံရေးစစ်ဆေးမှုများ ရှိနေပြီး မြန်မာဘက်တွင်လည်း စစ်ကောင်စီတပ်များ ယောင်လိန်းနယ်ခြားချောင်းအတွင်း ရောက်ရှိကာ အင်အား ဖြည့်တင်းလျက်ရှိသည်ကိုတွေ့မြင်နေရသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီတပ်များရောက်ရှိနေသည့် ယောင်လိန်းချောင်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မတူပီမြို့နယ်အတွင်းရှိ လိုင်လင်းပီမြို့ကို ခြား ထားသည့် နယ်ခြားချောင်း ဖြစ်သည်။

”လိုင်လင်းပီမှာ စကစတွေရဲ့ တပ်စခန်းရှိတယ်။ ရဲကင်းလည်းရှိတယ်။ ပြီးတော့ ဒေသခံကာကွယ်ရေးတပ်ဆိုရင်လည်း နှစ်ဖွဲ့တောင်ရှိနေတယ်။ CDF-မာရာနဲ့ Maraland Defense Force (MDF)ဆိုပြီးပါ။ တိုက်ပွဲတော့တစ်ခါမှ မဖြစ်သေးဘူး။ အခုလိုင်လင်းပီမှာ စစ်ကောင်စီတပ်တွေအား ဖြည့်နေတယ်ဆိုတာက နယ်စပ်ပေါက် ဂိတ်ကို ပိတ်ချင်တာကြောင့်ဖြစ်မယ်”ဟုမတူပီမြို့ပေါ်ရှိ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ နယ်စပ်ဂိတ်များတွင် လက်နက်နှင့်မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိခြင်း၊ မှောင်ခိုပစ္စည်းများဖမ်းဆီးရမိခြင်းတို့ကြောင့် အိန္ဒိ ယနယ်ခြားစောင့်တပ်က လုံခြုံရေးတင်းကျပ်ခြင်းများလည်းဖြစ်နိုင်သည်ဟုဒေသခံများက ဆိုသည်။

ယခင်က အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်တွင် အာဏာပိုင်များက စစ်ဆေးမှုမရှိဘဲ သွားလာခွင့်ပြုထားသည့်အတွက် မတူပီမြို့နယ်ရှိ စစ်ဘေး ရှောင်များနှင့် သွားရောက်၍ဆေးဝါးကုသသည့်သူများ လွတ်လပ်စွာဝင်ထွက်သွားလာနိုင်သည်။

ယခုအခါ အိန္ဒိယ စစ်သားများ၏ လုံခြုံရေးစစ်ဆေးမှုများနှင့် စစ်ဆေးမှုတင်းကျပ်ခြင်း များကြောင့် စစ်ရှောင်များအတွက်ပါ သွားလာရန် ခက် ခဲလာနိုင်ကြောင်းသိရသည်။ mizzima

တရုတ်နိုင်ငံသားပိုင် GTIG Huasheng အ ထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ

ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် GTIG Huasheng (Myanmar) အထည်ချုပ်စက်ရုံဟာ ILO ရဲ့ Convention မှာပါရှိတဲ့ အပိုဒ် ၈၇ အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ILO ရဲ့ Convention မှာပါရှိတဲ့ အပိုဒ် ၈၇ အရ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းစက်ရုံက လိုက်နာမှု မရှိတဲ့အပြင် အလုပ်ရှင်က ဖွဲ့စည်းထားရှိတဲ့ အယောင်ဆောင်သမဂ္ဂ (Yellow Union) နဲ့ လက်ဝါးချင်းရိုက်ပြီး နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေကို လက်ခံချုပ်လုပ်ပေးနေတာပါ။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အဲဒီစက်ရုံက PEP&CO နဲ့ Primark အမှတ်တံဆိပ်နဲ့ အထည်တွေကို ချုပ်လုပ်ပေးနေတာ။ Primark ဆိုရင် ထွက်သွားပြီဆိုတဲ့ ကုန်အမှတ်တံဆိပ်နော်။ ပြောချင်တာက ဒီနာမည်ကြီးအမှတ်တံဆိပ်တွေဟာ လွတ်လပ်စွာ သင်းပင်းဖွဲ့ စည်းခွင့်ကို လိုက်နာပါမယ်၊ မတားဆီးပါဘူး၊ စက်ရုံမှာလည်း အလုပ်သမားတွေသမဂ္ဂ ဖွဲ့တာကို မကန့်ကွက်ဘူး၊ အားပေးပါတယ်ပေါ့။ ဒါပေမယ့် အမှန်တကယ် သူတို့လုပ်နေတာက အယောင်ဆောင်သမဂ္ဂ (Yellow Union) ဖွဲ့ပြီးတော့ လုပ်နေတယ်။ ဆိုတော့ သမဂ္ဂဖွဲ့ခြင်း၊ မဖွဲ့ခြင်းဟာ အလုပ်သမားတွေနဲ့ဘဲ သက်ဆိုင်တယ်။ အလုပ်ရှင်တွေနဲ့ မသက်ဆိုင်ဘူး။ ဒီအပေါ်မှာ အလုပ်ရှင်တွေက ဦးဆောင်ပြီး အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းခွင့်မရှိသလို ဖျက်ဆီးခွင့်လည်း မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဒီစက်ရုံဟာ အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းပြီး အချိန်ပိုကြေးကို ပြည့်ပြည့်ဝဝ မပေးတဲ့အပြင် ခေါင်းပုံဖြတ်မှုတွေလည်း ရှိနေတာပါ။

အထည်ချုပ်ဝန်ထမ်းတဦးက “အချိန်ပိုတွေ ခေါ်ပြီး အလုပ်သမားတွေကို ထိုက်သင့်တဲ့ လစာ မပေးဘူး။ မပေးတဲ့အပြင် အခုဆိုရင် ဘာလုပ်လဲဆိုတော့ Yellow Union တွေနဲ့ ပေါင်းပြီးတော့ အလုပ်သမားတွေက Gate Pass ထွက်လို့ရှိရင် အဲဒီ Gate Pass က ပိုက်ဆံဖြတ်တယ်။ အဲ့ဒါကလည်း ဘယ်သူတွေကို ဖြတ်လဲဆိုရင် အလုပ်သမားတွေက ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေဆိုရင် ဖြတ်တယ်။ ဘယ် လောက် အထိ ဖြတ်လဲဆိုရင် လစာထုတ်တဲ့အခါ ၆ သောင်းကနေ ၈ သောင်းအထိ အဖြတ်ခံရတယ်။ အဲဒီပြဿနာကို အလုပ်သမားရုံးမှာ သွားဖြေရှင်းကြသေးတယ်။ ဒါပေမယ့် ရှင်းရှင်း ပြောရင် စက်ရုံပိုင်ရှင်က စစ်ကောင်စီ လက်အောက်မှာရှိတဲ့ ရွှေပြည်သာမြို့နယ်က အလုပ် သမားရုံးတွေနဲ့ ပေါင်းပြီးတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်ဖိနှိပ်ထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် GTIG Huasheng (Myanmar) အထည်ချုပ်စက်ရုံဟာ အထည်ချုပ်ဝန်ထမ်းအသိုင်းအဝန်းကြားမှာ ကော်ထိုက် အမည်နဲ့ လူသိများပြီး အထည်ချုပ်စက်ရုံ ၆ ရုံ ရှိကာ စက်ရုံ ၁ ရုံမှာ အထည်ချုပ်ဝန်ထမ်း ထောင်ကျော် ရှိပါတယ်။ DVB

« Older Entries