ခင်ဦးတွင် တိုက်ခိုက်ခံရပြီး သေဆုံးသွား ရေဦးမြို့နယ်ရဲတပ်ဖွဲ့ ၁၁ ဦး၏ အလောင်းများကို ယနေ့ သဂြိုလ်


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်း ၉ နာရီကျော်အချိန် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရေ ဦးမြို့နယ် ရဲ တပ်ဖွဲ့ဝင် ၁၁ ဦးကို ယနေ့ သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း ရေဦးဒေသခံများထံမှ သိရှိရသည်။
“မနေ့ညနေပိုင်းက အလောင်းတွေ သူတို့ ပြန်သယ်လာတယ်။ အလောင်းတွေ ပြန်ရတဲ့အချိန် စစ်တပ်နဲ့ ရဲ ၊ ပျူစောထီးတွေ မြို့ထဲမှာ သေနတ်တွေ ရမ်းသမ်း ဖောက်ကြတယ်။ တစ်မြို့လုံးလည်း စစ်သားရော ပျူစောထီးရော ရှုပ်နေတာပဲ။ အလစ် အငိုက် ထိသွားတာဆိုတော့ သူတို့ကလည်း ခံပြင်းနေပုံပဲ။ သေတဲ့ သူ တွေ အားလုံးက ရေဦးရဲတွေချည်းပဲ။ မြို့ပေါ် စခန်းက ရဲတွေ။ မြို့ပေါ်မှာ လည်း လူငယ်တွေလည်း ပုန်းသူပုန်း၊ ပြေးသူပြေးပဲ” ဟု ရေဦးဒေသခံတစ်ဦးက ဆိုသည်။
ယနေ့တွင် အလောင်းများကို အမိန့် ပြန်သဂြိုလ်ပြီး ရေဦးရဲစခန်းတွင် ယခင် ထက် စစ်သားများ ပိုမို ချထားကြောင်း သိရှိရသည်။
ယမန်နေ့ PDF တပ်ဖွဲ့ တိုက်ခိုက်မှုများကြောင့် ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၁ လက် သိမ်းဆည်းရမိကြောင်း PDF များက တရားဝင် သ တင်းထုတ် ပြန်ထားသည်။ khit thit