စစ်ကောင်စီဖမ်းဆီးထားသည့် ဗကသကျောင်း သား ခေါင်းဆောင်ဟောင်း နှင့် ၎င်း၏ မိသားစု အဆက်အသွယ် ပြတ်နေ

စစ်ကောင်စီသည် ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်း ခေါ် ကိုလင်းထက်နိုင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မိသားစုနှင့်အဆက်အသွယ်ပြတ်နေကြောင်းသိရသည်။

စစ်ကောင်စီသည် ဇွန်လ ၁၈ ရက် ညနေ ၆ နာရီက ရန်ကုန် ဗိုလ်တစ်ထောင်မြို့ နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကိုလင်းထက်နိုင်အား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသလို မိသားစုနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု နိုင်ငံရေးတက်ကြွလှုပ်သားရှားသူ အသိုင်းအဝိုင်းထံက သိရသည်။

“ဗိုလ်တစ်ထောင်မြို့နယ်ထဲမှာ နောက်ယောင်ခံလိုက်ပြီးဖမ်းတဲ့ သဘောမျိုးလို့ ယူဆပါတယ်။ စားသောက်ဆိုင်တစ်ခုမှာ ထမင်းစားပြီး အပြန်မှာ အဖမ်းခံရတဲ့မျိုးတဲ့ မိသားစုတွေက ဗိုလ်တစ်ထောင်ရဲစခန်းကို သွားပြီးစုံစမ်းပေမယ့် အဲ့ဒီမှာ သူ့ကို မတွေ့ရဘူးလို့ပြောတယ် ” ဟု ကိုလင်းထက်နိုင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကိုလင်းထက်နိုင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ် သည်။

လက်ပံတန်းပညာရေးသပိတ် ဖြိုခွဲခံရပြီးနောက် ကိုလင်းထက်နိုင်သည်လည်း အမှုဖွင့်တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၀ ခုနှစ်တွင် လဝက ပုဒ်မဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခြင်းခံခဲ့ရသည်။

လက်ရှိအချိန်တွင်လည်း ကိုလင်းထက်နိုင်အား စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု ၎င်းနှင့်နီးစပ်သူများထံက သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s