စစ်တွေမြို့တွင် စစ်ကောင်စီတပ်သား ၂ ဦးနှင့် ရဲ ၁ ဦးအား ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ရဲတပ်သား တစ်ဦးအား ရက္ခိုင့်တပ်တော် AA က ဖမ်း ဆီးသွားကြောင်း သိရသည်။

စစ်တွေမြို့၊ အနောက်စံပြ၊ မြောက်စံပြနှင့် မင်းဂံရပ်ကွက်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် စစ်သားနှစ်ဦးအား ရက္ခိုင့်တပ်တော် AAက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ AA က လူ ငါးယောက်ခြောက်ယောက်လောက် လာပြီးဖမ်းသွားတယ်လို့သိရတယ်။ ဗိုလ်ကိုတော့ ဘယ်နေရာမှာဖမ်းလည်း အတိအကျမသိဘူး၊ အနောက်စံပြရပ်ကွက်မှာတော့ ဆိုင်ကယ်ပြင်ဖို့လာတဲ့ စစ်သားတစ်ယောက်ကို AA က ဖမ်းခေါ်သွားတယ်လို့ သိရတယ်” ဟု စစ်တွေမြို့ခံတစ်ဦးကပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သားများကို ဖမ်းဆီးပြီးနောက် စစ်ဆေးရေးပိုမိုတင်းကြပ်လာကြောင်းလည်း သိရသည်။ စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်တွင်လည်း ကျောင်းသားလူငယ်သုံးဦးအထိ စစ်ကောင်စီတပ်သား များက ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်နေသည်။

“မင်းဂံမှာ ကျောင်းသားသုံးဦးကို ဖမ်းသွားတယ်လို့ပြောတယ်။ နောက်ထပ် ဘယ်နှစ်ယောက်ပါသွားတယ် ဆိုတာလည်း မသိသေးဘူး။ ဘယ်သူသားသမီးလည်း မသိသေးဘူး ” ဟု ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့၌ မြို့အဝင်အထွက်များကို ပိတ်ထားပြီး မြို့ထဲတွင်လည်း လုံခြုံရေးတိုးချဲ့ချထား သည့်ကို တွေ့ရသည်။

“ စစ်တွေမြို့မှာ လူသွားလူလာ နည်းသွားတယ်။ ရဲကား၊ စစ်ကားတွေလည်း ပတ်နေတယ်။ လုံခြုံရေးက တော့ တော်တော်တိုးချဲ့ချထားပါတယ်။ အကုန်တိတ်ဆိတ်နေပြီ။ ကျောင်းတွေလည်း ပိတ်ထားတယ် ” ဟု မြို့ခံတစ်ဦးက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s