ဆားလင်းကြီးမြို့မရဲစခန်းကို ၁၂၀ မမဖြင့် ပစ် ခတ်တိုက်ခိုက်မှု ၅ ဦးထက်မနည်းသေဆုံးနိုင်၊ မိုးကြိုးပြင်(မ) ရွာ တွင် လူသတ်မီးရှို့သော စစ်ကြောင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မရဲစခန်းကို ယနေ့ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ၁၁ လုံးပစ်ခတ်ခဲ့ကြောင်း သင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၂၃ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် ဆားလင်းကြီးမြို့ မြို့မရဲစခန်းကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၁၁လုံး ပစ်ခတ်ခဲ့ရာ စခန်းခေါင်မိုးပေါ်ကျ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိနိုင်ကြောင်း၊ မြို့မစခန်းကို တွေရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ (၂) ၊ တပ်ခွဲ (၄) တို့ဖြင့် ပူးပေါင်း တိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ဇွန်လ ၂၂ ရက်နေ့ ဆားလင်းကြီး၊ မိုးကြိုးပြင်(မ)ရွာတွင် မီးရှို့ လူသတ်သွားသော စစ်တပ်စစ်ကြောင်းကို Salingyi Border Task Force ၊ Brother Defense Force ၊ဆားလင်းကြီးသမန်းကျားနှင့်အတူ အခြားသောမဟာမ်ိတ်ညီနောင်အပေါင်းတို့က စိန်ပြောင်း /ရှော့တုံး- ၆၀မမ/၈၀မမ/ ၁၂၀မမ တို့ဖြင့် လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ကြကြောင်း Salingyi Border Task Force – SBTF က သတင်းထုတ်ပြန်ထား သည်။ khit thit