ဇိုတုန်နယ်မှ ဒေသခံပြည်သူ ၂ ဦးနှင့် ကာ ကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်းတို့ကို စစ်ကောင်စီတပ်သားများ ဖမ်းဆီးသတ်ဖြတ်

ချင်းပြည်နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)လှုပ်ရှားနယ်မြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်က အရပ်သားခြောက်ဉီးကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ဉီးအားသတ်ဖြတ်ခဲ့ကြောင်း CDF – Zotung က ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့မှစတင်၍ CDF – Zotung နယ်မြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သည် အရပ်သားပြည်သူခြောက်ဦးကိုဖမ်းဆီး၍ လူသားဒိုင်းနှင့်လမ်းပြအဖြစ် အသုံးပြုခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်သည် ၎င်းတို့အထဲမှ အန်းတာကျေးရွာတွင်နေထိုင်သူများဖြစ်ကြသည့် ဦးဝင်းလွင်စိုး (၂၈)နှစ်နှင့် ဦးမြင့်မောင် (၅၅) နှစ်တို့နှစ်ဦးကို ဇွန်လ ၁၁ရက်နှင့် ၁၂ ရက်နေ့တို့တွင် သတ် ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရွာသားနှစ်ဉီး၏ ရုပ်အလောင်းကို ဇွန်လ ၁၈ ရက်နှင့် ၂၁ ရက်နေ့များတွင် ရှာဖွေတွေ့ရှိခဲ့ပြီး မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဇွန်လဒုတိယအပတ်အတွင်းက CDF-Zotung ရဲဘော်ဖြစ်ခဲ့ဖူးသူ (ရဲဘော် ဟောင်း)တစ်ဦးကို ရေဇွာတွင်ဖမ်း ဆီး၍ နှစ်ရက်ခန့်ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး မိသားစုထံ အလောင်း ပြန် လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ဖွဲ့ဝင်ဟောင်းသည် အချုပ်ခန်းအတွင်း မိမိကိုယ်ကိုယ် ဆွဲကြိုးချသတ်သေခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ ပြောကြားချက်အရသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ဂန့်ဂေါ်ဖက်မှ စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ပါ စစ်ကောင်စီတပ် သည် ဇိုတုန်နယ် ရမ်းစီးရွာနှင့်နှစ်ဖာ လုံခန့်အကွာတွင်ရောက်ရှိခဲ့ပြီး ရွာကိုလက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း CDF – Zotungမှ ထုတ်ပြန်သည်။ mizzima