မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်း သားများ ညှဉ်းပန်းနှိပ်စက်ခံနေရ

မကွေးတိုင်း၊ မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက် ခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောပြချက်အရ သိရသည်။
ဇွန်လ ၁၉ရက်တွင် ကျရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇နှစ်မြောက်မွေးနေ့တွင် ထောင်တွင်းနိုင်ငံ ရေးအကျဉ်းသားများမှ သနပ်ခါးလိမ်းပြီး၊ ကော်ဖီ၊မုန့်များဖြင့် မွေးနေ့အလှူလုပ်ခဲ့ရာတွင် ထောင်အာဏာပိုင်များက မကျေနပ်၍ ညှဉ်းပန်းနှိပ် စက်နေခြင်းဖြစ်သည်ဟု သိရသည်။
“အမေစုမွေးနေ့မှာ ထောင်တွင်းသနပ်ခါးလူးပြီးကော်ဖီတွေ၊မုန့်တွေနဲ့ မွေးနေ့အလှူလုပ်ကြတာကို ထောင်အာဏာပိုင်တွေက မကျေနပ်ပြီး အ ကြောင်းမရှိအကြောင်းရှာ ရိုက်နှက်တယ်။ ခွေးလိုလည်း အူခိုင်းတယ်” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြော သည်။
ထို့အပြင် ထောင်အာဏာပိုင်များက “မင်းတို့စစ်ကြောရေးမှာ မသေပေမဲ့ ထောင်မှာသတ်ပစ်လို့ရတယ်”ဟု ခြိမ်းခြောက် ပြောဆိုခြင်းများပြု လုပ်နေကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ရာတွင် အဆောင်မှုးဝင်းနိုင်နှင့် မင်းလွင်ဦး ဆိုသူတို့က ဦးဆောင်ကာ ပြုလုပ်နေသည်ဟု ပြော သည်။
ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအား ပုံစံ တစ်လပေးမည်ဟုဆိုကာ ပုံစံမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုများအား နိုင်ငံတကာနှင့် ပြည်သူများ သိရှိစေရန် နိုင်ငံရေးအကျဉ်းသားများကိုယ်စား တောင်းဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) မှတ်တမ်းများအရ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းချိန်မှစ၍ ယ ခုနှစ် ဇွန်လ ၂၂ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၂,၀၀၇ ဦး ရှိပြီဖြစ်သည်။
ထို့အပြင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၁,၁၇၄ ဦးအနက်မှ ၁,၁၉၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ mizzima