ဧရာဝတီတိုင်းတွင် စစ်ရေးကျွမ်းကျင်သူများစု စည်းကာ ဧရာဝတီဒေသ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့ စည်း

ဧရာဝတီတိုင်းတွင် စစ်ရေးကျွမ်းကျင်သူများ၊ မိုင်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများစုစည်းကာ ဧရာဝတီဒေသ ကာကွယ်ရေးတပ်ဖွဲ့ (Ayeyarwady Regional PDF)ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကို ဧရာဝတီတိုင်းထဲမှာ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့က စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းချင်တယ်။ စခန်းတစ်ခု ဆောက်ချင်တယ်ဆိုပြီး တောင်းဆိုလာလို့ စစ်ရေးပိုင်းအတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့လူတွေကို ကျွန်တော်ခေါ်တယ်။ပြီးတော့ စစ်ရေးပိုင်းရော မိုင်းပိုင်းဆိုင်ရာရော သင်တန်းတွေပေးပြီး စခန်းတစ်ခု ထူထောင်ထားတာပါ။တိုင်းအတွင်းမှာ ဖွဲ့စည်းဖို့ နယ်မြေအနေအထားအရ ခက် ခဲမှုရှိတာကြောင့် ဧရာဝတီတိုင်းအတွက် တိုင်းနဲ့ နီးစပ်တဲ့ ပြင်ပနေရာ တစ်ခုမှာ ဖွဲ့စည်းတည်ထောင်ထားပါတယ်”ဟု ဧရာဝတီဒေသကာ ကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါအဖွဲ့တွင် မြို့ပြပျောက်ကျားစနစ် ကျွမ်းကျင်သူများ ၊လက်နက် ထုတ်လုပ်ရေးပိုင်း ကျွမ်းကျင်သူများလည်း ပါဝင်ပြီး အဆင်ံ့မြင့် လက် နက်များ ထုတ်လုပ်သွားရန် အစီအစဥ်ရှိသည် ဟု ၎င်းကဆိုသည်။
ဧရာဝတီဒေသ ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီဒေါက်တိုင်များဖြစ်သည့် ရဲသတင်းပေးများ ၊စစ်ကောင်စီသတင်းပေးများကို အဓိကထားရှင်းလင်းသွားမည်ဖြစ်ပြီး တိုက်ပွဲများဖော်ဆောင်ရန် စီစဥ်လျှက်ရှိကြောင်း ဆက်လက်ပြောသည်။
“ကျွန်တော်တို့ဆီမှာ အဆင့်မြင့်လက်နက်ထုတ်လုပ်နိုင်တဲ့သူတွေ အဆင့်မြင့်မိုင်း ထုတ်လုပ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။မော်တာတို့ ၊ရော့ကက်တို့၊ အဲဒရော့ တို့ကအစ ထုတ်လုပ်နိုင်ပါတယ်။ လောလောဆယ်တော့ ငွေကြေးလိုအပ်ချက်လေးတွေ ရှိနေလို့ လုပ်ရကိုင်ရတာ အခက် အခဲလေးတွေရှိတာပေါ့။ဒါ့ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ကြပါ။ကျွန်တော်တို့ ကြိုးစားဖို့ အဆင့်သင့်ရှိနေပါတယ်လို့ ပြောချင်ပါတယ်”ဟု ဧရာဝတီဒေသ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က တိုင်းအတွင်းရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းကာ Ayearwady UG Association (AUA) ဖွဲ့စည်းခဲ့သည်ဟု သိရပြီး စစ်အုပ်စု အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထပ်တိုးဖွဲ့စည်းလာသည်ကို တွေ့ရသည်။ mizzima