ခန္တီးမြို့တွင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ဇွန် ၂၂ ရက်က လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ည ၇ နာရီမှာ ခန္တီးမြို့ ပေါ်မိုင်းရပ်ကွက်ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီးက တည်းခိုခန်းမှာ ဖမ်းမိတယ်။ သူတို့ ၃ ယောက်လာတည်းတာ၊ အဲဒီလူငယ် ၃ ဦးက ခန္တီးမြို့ကမဟုတ်ဘူး။ မုံရွာကလူငယ်တွေ၊ ယောကျ်ားလေး ၂ ယောက်၊ မိန်းကလေး ၁ ယောက်၊ သေနတ်တွေနဲ့အတူ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်။”

ဒီလူငယ် ၃ ယောက်ကို ၉ မမ ပစ္စတို ၂ လက်၊ ပွိုင့် ၂၂ တလက်၊ ကျည်ဆန်အတောင့် ၄၀၊ သုံးထောင့်ရှည် စနိုက်ပါပြောင်းတခုတို့နဲ့အတူ ဖမ်း ဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၃ ယောက်ကတော့ အသက် ၂၀ အရွယ် မောင်တင်စိုး (ခ) ညီညီနိုင်၊  ၂၈ နှစ်အရွယ် မောင်ဟိန်းစိုးအောင်နဲ့ ၁၉ နှစ်အရွယ် မအေးမြင့်မိုရ်တို့ ဖြစ်ပြီး လက်ရှိ သူတို့ကို ခန္တီးမြို့ စစ်ဗျူဟာရုံးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s